test

ရာဘွန်နာ(Rabona) ဆိုတာ




ရာဘွန်နာ(Rabona) ကန်ချက်တွေ တွေ.တိုင်း မိမိကြိုက်နှစ်သက်သည်။ လှပသည်။ ညက်ညောသည်။ အနုပညာဆန်သည်။ကစားသမားတစ်ယောက်ရဲ. လှပတဲ. Performanceကိုတွေ.နိုင်သည်ဟု ထင်သောကြောင့်ဖြစ်သည်။ အရင်ဆုံး ရာဘွန်နာ ကန်ချက်ဆိုတာ ဘာလဲဆိုတာကို ပြောချင်သည်။ ခြေထောက်တစ်ဘက်ကို ကြက်ခြေခတ်ပုံစံ ရွေ.လျားပြီး တစ်ဘက်က stand ဖြစ်အောင် အနေအထားနဲ.ဘောလုံးကို မိမိအသင်းဖော်ဆီပေးပို.ခြင်း(သို.) ဂိုးပေါက်ကိုကန်သွင်းမှုပြုလုပ်ခြင်းကို ဆိုလိုသည်။ရာဘွန်နာဖြင့် Passလုပ်ခြင်း၊ crossလုပ်ခြင်း၊  shot လုပ်ခြင်းတို.ကို ပြုလုပ်နိုင်သည်။ကစားသမားအများစုကတော့ cross(ဖြတ်တင်ဘော)အတွက် အသုံးပြုတာများသည်။

ပြီးပြည့်စုံသောရာဘွန်နာ(Rabona) ပြကွက်တစ်ခုဖြစ်ဖို.အတွက် လုပ်ဆောင်စရာအဆင့်လေးတွေလိုသည်။  ပထမဦးဆုံး ခြေထောက်ကို  မတ်တပ်ရပ်ပုံစံထားပြီး ဘောလုံးနဲ. လက်မအနည်းငယ်လောက်အကွာအဝေးမှာထားရသည်။ သတိထားရမှာက လူအများစုက ဘောလုံးနောက်မှာ မတ်တပ်ရပ်မယ့် ခြေထောက်ကိုထားတတ်ခြင်းဖြစ်သည်။ အမှန်ထားရမယ့် position ကဘောလုံးနဲ. ခြေထောက်45ဒီဂရီထောင့်ကျမှမှန်သည်။ ၁လက်မကနေ၃လက်မအတွင်းထက် အကွာအဝေးသာထားသင့်သည်။နောက်ခြေထောက်တစ်ဖက်က ဘောလုံးကိုတကယ်ကယ်ရမည့်ခြေထောက်ဖြစ်သည်။ လွတ်နေတဲ. နောက်ထပ်ခြေထောက်တစ်ဖက်ကို ဘောလုံးနဲ.အတူ မတ်တပ်ရပ်ထားတဲ. ခြေထောက်နောက်ကနေ ကြက်ခြေခတ်ပုံစံထားပြီး ဘောလုံးကို ကန်ရခြင်းဖြစ်သည်။ ကန်သည့်အခါမှာလည်3းလက်မအကွာအဝေးလောက်က ယူထားတဲ. ခြေထောက်တစ်ဖက်ကမတ်ပြီး ကြက်ခြေခတ်ပုံစံယူထားတဲ.ခြေထောက်က တကယ်ဘောလုံးကိုထိရမှာဖြစ်သည်။ ကန်ရင် ခြေခုံနှင်. ဘောလုံးရဲ. အောက်ခြေနားရောက်လုနီးနီး အလယ်လောက်က ကန်ရသည်။ကန်လိုက်သည့်အချိန် ခန္ဒာကိုယ်အနေအထားက ဒူးခေါင်းအောက်ကကြည့်လိုက်လျှင် ခြေထောက်နှစ်ဖက်က ကြက်ခြေခတ်ပုံစံဖြစ်နေရမည်။ ဒါမှ ပြီးပြည့်စုံသည့် ရာဘွန်နာကန်ချက်ဖြစ်သည်။

ဒီနေရာမှာ လူအများသတိမထားမိသည့် ပြသနာရှိသည်။ မတ်တပ်ရပ်ရမယ့်ခြေထောက်က ဘယ်လား? ညာလား? ဆိုသည့် ပြသနာပင်။ မိမိက ညာသန်ကစားသမားဆိုလျှင် ဘယ်ခြေထောက်ကိုရပ်ပြီး ဘောလုံးထိရမယ့်ကြက်ခြေခတ်ခြေထောက်က ညာဖြစ်ရမည်။ ဆိုလိုသည်က သန်သည့်ခြေထောက်ကိုသာ ကြက်ခြေခတ်ပုံစံထားပြီး ဘောလုံးနှင့် ထိတာပိုကောင်းသည်။ အာဂျင်တီးနား ဂန္ဒ၀င်ကစားသမားမာရာဒိုနာက ဘယ်သန်ဖြစ်တဲ.အတွက် ညာခြေထောက်ကိုရပ်ပြီး ဘယ်ဖြင့် ဘောလုံးကိုထိတာမိမိမြင်ဖူးသည်။

Rabona kickအကြောင်းပြောမယ်ဆို 1970ခုနှစ်လောက်က အီတလီကစားသမား ဂျီအိုဗန်နီ ရော့ကိုတယ်နီ အကြောင်းပြောရမည်။ သူက ရာဘွန်နာ(kick)နဲ.ပတ်သတ်ပြီး နာမည်ကြီးသည်။ သူ.ထက်စောသည်က 1948က ရီကာဒိုအင်ဖန်တီဖြစ်သည်။ အာဂျင်တီးနားပြည်တွင်းလိဂ်ပွဲစဉ်ဖြစ်တဲ. အင်စတီတူးဒီယန်.အသင်းနဲ. ရိုဆာရီယိုအသင်းပွဲစဉ်မှာ မြင်တွေ.ခဲ.၇ခြင်းပင်။ အင်စတီတူးဒီယန်.ကစားသမား အင်ဖန်တီက ရိုဆာရီယိုအသင်းဂိုးပေါက်ကို 35ကိုက်အကွာကနေ သွင်းယူခဲ.ခြင်းဖြစ်သည်။ အဲ.ဒီဂိုးသွင်းအပြီးမှာ အာဂျင်တီးနားဘောလုံးmagazine ကာဗာမှာကျောင်းသားတစ်ယောက်လို အ၀တ်အစားဝတ်စေပြီး “့hacerse le rabona” ဆိုတဲ. ခေါင်းစဉ်နဲ. မျက်နှာဖုံးမှာ ဓာတ်ပုံတင်ပြီးဖော်ပြခဲ.သည်။ ဒီခေါင်းစဉ်ရဲ. အင်္ဂလိပ်လို အဓိပ္ပာယ်က မိဘခွင့်ပြုချက်မပါပဲ ကျောင်းကထွက်တဲ.ကောင်လေးလို. ဘာသာပြန်လို.ရသည်။ “Rabona”ဆိုသည့် စကားလုံးရဲ. အဓိပ္ပာယ်က ဘရာဇီးမှာဆို ရေးနွေးကရား(သို.) စာလို.လည်းအဓိပ္ပာယ်ရသည်။ရာဘွန်နာ ကန်ချက်များစွာကို ဘောလုံးသမားအများအပြားလုပ်နေကျဆဲဖြစ်သည်။ ဘက်ဂီယို၊မာရာဒိုနာ၊ရီဗယ်ဒို၊ဒင်ဟိုတို.မှအစ စီရော်နာဒို၊ဟာဇာတ်၊ဒီမာရီယာ၊လာမယ်လာ၊မားကပ်စ်ရက်ဖို.ဒ်အထိ ပြုလုပ်နေကျဆဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရာဘွန်နာကန်ချက်တွေတိုင်းမှာ အနုပညာဆန်သည့် ကကွက်အယိမ်းအနွှဲ.၊ ခန္ဒာကိုယ်ဟန်ချက်မျှတမှုတွေအပြင် တိကျမှု၊ကျွမ်းကျင်မှုတွေပါဝင်နေလို. တစ်နည်းတစ်ဖုံဆွဲဆောင်မှုရှိသည်။ ရာဘွန်နာပုံစံက ကစားတစ်ယောက်ရဲ. Abilltyကို ပြရာေ၇ာက်သလို skillfullဖြစ်တဲ. Trickတစ်ခုလည်းဖြစ်သည်။


ရာဘွန်နာ(Rabona) ဆိုတာ ရာဘွန်နာ(Rabona) ဆိုတာ Reviewed by Luis Zeno on November 11, 2017 Rating: 5

No comments:

Powered by Blogger.