test

တီကီတာကာ(Tiki-taka) ကိုချည်းကပ်ကြည့်ခြင်း

 တီကီတာကာဆိုတဲ.စကားလေးဟာ စပိန်မှာ အသုံးများတဲ.စကားလေးပါ။စပိန်ဘောလုံးလောကရဲ. ရေပန်းအစားဆုံးစကားလုံးလေးပါ။ဒီစကားလုံးလေးရဲ. နောက်မှာ စပိန်ရဲ. ကမ္ဘာ.ဖလားကြီးပါတယ်။ဘာစီလိုနာရဲ. ချန်ပီယံလိဂ်ဖလားတွေ၊လာလီဂါဆုတွေ၊အခြားအောင်မြင်မှုဆုတံဆိပ်တွေပါပါဝင်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူတို.ဟာ Tiki-takaရဲ.အရှင်သခင်တွေမို.လို.လေ။

ဒီတော့ တီကီတာကာဆိုတာဘာလဲလို.လေ့လာသင့်ပါတယ်။ Tiki-takaဆိုတာ တကယ်တော့ pass and moveပါပဲ။ ဘောလုံးပေးမယ်၊ နေရာယူမယ်၊ နေရာယူမယ်၊ ဘောလုံးပြန်လက်ခံမယ်။အခြေခံသဘောတရားကတော့ pass & move ပါ။နောက်တစ်ခုက တြိဂံပုံစံနေရာယူလှုပ်ရှားကျတာဖြစ်ပြီးကွင်းတစ်ကွင်းလုံးခြုံကြည့်ရင် ဂျီသြမေတြီပုံစံပေါက်ပါတယ်။ဒါပေမဲ. ဒီလောက်ရိုးရှင်းတဲ. အလုပ်ပဲလို.ထင်ရင်တော့မှားသွားပါလိမ့်မယ်။အဲ.ဒီ pass & moveထဲမှာတင်ကို အလုပ်တွေမျိုးစုံလုပ်နေတာကိုက တီကီတာကာကို အသင်းတိုင်းမဆော့နိုင်တဲ. အချက်ပါပဲ။တီကီတာကာဆော့တဲ. အသင်းဟာ ဘောလုံးကိုင်ထားနိုင်ရမှာဖြစ်ပါတယ်။ဒါပေမဲ. ဘောလုံးကိုယ်ခြေထောက်ထဲ ရှိနေလို. ကျေနပ်နေလို.မရပါဘူး။အသင်းသားတွေရဲ. နေရာယူရွေ.လျားမှု၊ ဘောလုံးပေးပို.မှုတွေဟာ ပြိုင်ဘက် ကို အမြဲတမ်းဖိအားပေးထားနိုင်ရပါမယ်။ လက်ဝှေ.သမားတစ်ယောက်က အပေါ်ကဖိထိုးသလိုမျိုး တရစပ်ခေါင်းမဖော်နိုင်အောင်လုပ်ထားခြင်းပါ။ဘယ်လိုလုပ်လဲဆိုတော့ ဒီအချက်တွေက ရှင်းပြပါလိမ့်မယ်။

ကစားသမားတွေဟာ ဘောလုံးပေးပို.မှုတွေကို မြန်မြန်လုပ်ရပါမယ်။နေရာယူပုံကလည်း တစ်ယောက်နဲ.တစ်ယောက်နီး၂ကပ်၂ယူထားပြီး ဘောလုံးပေးပို.မှုတွေဟာလည်း အများအားဖြင့် “short distance” တနည်းအားဖြင့် အနီးကပ်ပေးပို.မှုတွေ မြန်မြန်ဆန်ဆန်လုပ်ကြပါတယ်။ဥပမာ-ဘာစီ အသင်းနဲ.ပဲ ခိုင်းနှိုင်းပြပါမယ်။တစ်ခါတစ်လေ အင်ဒီယေစတာ၊ဇာဗီတို.ကွင်းလယ်မှာ တစ်ချက်ထိ ဘောလုံးပေးပို.မှုတွေလုပ်နေတာကိုမြင်ဖူးကြမယ်ထင်ပါတယ်။မက်ဆီနဲ. အဲဗက်စ်လည်းတစ်ချက်ထိအမြန်ပေးစနစ်လေးတွေလုပ်နေတာတွေ.ရမှာပါ။ဒါပေမဲ. သူတို.ကို ပြိုင်ဘက် ကအတင်းဝင်လုတာမျိုးမရှိသေးပါဘူး။ဘယ်နားကဘောလုံးလမ်းကြောင်းကိုဝင်ဖြတ်ရင်ကောင်းမလဲလို.နေ၇ာယူထားရုံ့ပဲရှိပါတယ်။သူတို.တွေက ဘယ်သူမှမရှိပဲ တစ်ယောက်နဲ.တစ်ယောက် အပြန်အလှန် တစ်ချက်ထိပေးနေကြတာ မြင်ဖူးပါလိမ့်မယ်။အဲ.လိုအပေးအယူလုပ်နေတာကို အန္တရာယ်မရှိပါဘူးလို.ထင်ရင် ခင်ဗျားမှားသွားပါလိမ်.မယ်။သူတို.နှစ်ယောက်အဲ.လိုလုပ်နေချိန် တစ်ချိန်ထဲမှာပဲေ၇ှ.ကတိုက်စစ်မှုးတွေက ပြိုင်ဘက်ခံစစ်မှုးတွေကြားထဲက space(နေရာလွတ်)တွေထဲကို ပြေးလမ်းကြောင်းရှာပြီးနေရာယူနေပါပြီ။ ကွင်းလယ်က နှစ်ယောက်ကလည်းေ၇ှ.ကလူတွေ လှုပ်ရှားလို.ရပြိဆိုတာနဲ. ပြေးလမ်းကြောင်းထဲကို long pass လှမ်းပို.ပေးပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်တစ်ချိန်တည်းအတွင်းမှာတင် အားလုံးဟာ ဂိုးရဖို. ကြိုးစားသွားကြတာပါ။ဘာလုပ်သွားလဲဆိုတော့ ၂မျိုးပဲလုပ်ပါတယ်။ pass & move ပါ။ဒါပေမဲ. အဓိပ္ပာယ်ရှိတဲ. Pass & moveပါ။သူတို.လိုလှုပ်ရှားဖို. ကွင်းထဲမှာ ဘယ်သူဘာလုပ်နေလဲဆိုတာသိတဲ. Vision(အမြင်)လိုပါတယ်။အခွင့်အရေးရတာနဲ.ချိန်သားကိုက် ကွင်းလယ်လူကတိကျစွာ ပေးပို.ဖို.နဲ. တိကျစွာ ဘောလုံးလက်ခံပြီး ဂိုးသွင်းမဲ.တိုက်စစ်မှုးတွေရဲ. Talentတွေ skillတွေ အများကြီးလိုပါတယ်။

နောက်တစ်ခုကတော့ Tikitakaရဲ.  Defenderတွေဟာ offside trap(လူကျွံဘောဖမ်းတာ) ကျွမ်းကျင်ရမှာဖြစ်ပြီး ကွင်းလယ်လူတွေနဲ. အမြဲ ချိတ်ဆက်နေရမှာဖြစ်ပါတယ်။အကြောင်းကတော့ ပီကေး၊မာေ၇ှယာတို.လို ball playing defendersတွေဟာ ဘက်စကွစ်၊ရာကီတစ်တို.နဲ.ပူးပေါင်းပြီးလှုပ်ရှားနေရလို.ပါ။ကွင်းလယ်မှာဘောလုံးမဆုံးရှုံးသွားဖို.အတွက် ပီကေးတို.မှာလည်းတာဝန်ရှိပါတယ်။ဒါကြောင့် ဘောလုံးဆုံးရှုံးသွားတာနဲ.ေ၇ှ.ရောက်နေတဲ.အချိန်မှာ လူကျွံဘော ဖမ်းပြီး ကစားနိုင်ရပါမယ်။ခံစစ်ပြန်ဆင်းချိန်မှာ full-backတွေကလည်းအရေးကြီးပြီး ပီကေးတို.နဲ. timingကိုက်နေမှ လူကျွံဘောဖမ်းရင် မကျန်ခဲ.မှာပါ။ နောက်တစ်ခုကတော့ ကွင်းလယ်က ဘက်စကွတ်စ်-ရာကီတစ်-အင်နီယေစတာအတွဲပါ။သူတို.ဟာ Triangleပုံစံနေရာယူပါတယ်။ဒီအတွက် တစ်သင်းလုံး တြိဂံပုံစံတွေချည်းပဲဖြစ်သွားပါတယ်။(ပုံတွင်ကြည့်ပါ)သူတို. ၃ယောက်ဟာ ပြိုင်ဘက်ကွင်းလယ်မှာ gap(အပေါက်) တွေဖြစ်အောင် ဒေါင်လိုက်ပေးပို.မှုတွေပြုလုပ်ကြပါတယ်။

ဘောလုံးဆုံးရှုံးမှုမများအောင်၊ဟန်ချက်ညီအောင်နဲ. ဘောလုံးကို ကွင်းလယ်မှာ retainလုပ်ဖို.ဘက်စကွတ်ကတာဝန်ယူထားပါတယ်။couner attackပြန်လာချိန်မှာလည်းနောက်ခံလူတွေနဲ.ပူးပေါင်းပြီးဖျက်ပေးရပါတယ်။သူဟာကွင်းလယ်နဲ. နောက်တန်းကြားက ကြားခံနယ်တစ်ခုပေါ့။ကျွန်တော်ထင်ပါတယ်။ဘာကာက မက်ဆီကိုရောင်းဆိုရင်တောင်ရောင်းပါလိမ့်မယ်။ဘက်စကွတ်စ်ကို ဘယ်တော့မှမရောင်းပါဘူး။သူလိုလူမျိုးကို ပိုက်ဆံရှိတိုင်းရှာလို.မရလို.ပါ။ရာကီတစ်ကတော့ ဇာဗီလို pass masterမဟုတ်တဲ.အတွက် box to box အဖြစ်နဲ. ဘက်စကွတ်စ်၊မက်ဆီ၊အင်နီယေစတာတို.နဲ. full- backsတွေနဲ.ပူးပေါင်းပြီးကစားရပါတယ်။ဇာဗီရှိတုန်းကတော့ သူ.ရဲ. trade mark ဖြစ်တဲ. Passingတွေနဲ. ကွင်းလယ်ကိုစိုးမိုးထားပြီးကူညီပေးခဲ.ပါတယ်။ရာကီတစ်ဟာ ဇာဗီလောက် ဘောလုံးအမြင်မရှိတာကြောင့် ကြံ.ခိုင်မှုအားကိုအားကိုးပြီး သူရဲ.ဘောလုံးအမြင်ပေါင်းစပ်ကာ တိုက်စစ်မှုးတွေကြောင့်လွတ်သွားတဲ. နေရာလွတ်တွေကို ၀င်အသုံးချပါတယ်။အားသာချက်ကတော့ ရာကီတစ်ဂိုးသွင်းနိုင်ခြင်းပါ။ဂျူဗင်တပ်စ်ကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ အဖွင့်ဂိုးသွင်းသွားတာ ရာကီတစ်ပါ။အားနည်းချက်ကတော့ ကွင်းလယ်မှာ ဇာဗီလောက်ဘောလုံးကြာကြာမကိုင်ထားနိုင်ခြင်းပါ။ဒါဟာ အင်းနရစ်နဲ. ပပ်အကြားဘာကာရဲ. ခြားနားချက်သေး၂လေးတစ်ခုပါ။အင်ဒီယေစတာကတော့ Geniusပါ။ရော်နယ်ဒိုနဲ. မက်ဆီသာမရှိရင် ကမ္ဘာ.အကောင်းဆုံးဆုဆိုတာသူ.အတွက်ပဲဖြစ်သင့်ပါတယ်။ခင်ဗျားကြိုက်သလောက် အမှားလုပ် အရမ်းကြပ်ညပ်လာရင် သူ.ကိုသာဘောလုံးပေးလိုက်ပါ။အားလုံးဖြေရှင်းပေးပါလိမ့်မယ်။ကစားဖော်တွေ ကစားပေါက်ချောင်အောင် ပြိုင်ဘက်ကစားသမားတွေ နေရာယူပုံတွေ ဟန်ချက်မညီလာအောင်ဖန်တီးတတ်ပါတယ်။ball circulationတွေ၊creativityတွေ၊ဘောလုံးကိုကောင်းကောင်း controlလုပ်တာတွေ၊dribblingစွမ်းရည်တွေ အပြည့်သူမှာရှိပါတယ်။ဒါကြောင့်မက်ဆီဟာ သူ.ကို ပြိုင်ဘက်playerတွေ အုံလိုက်ကျင်းလိုက် လိုက်ကပ်နေပြီး အသင်းကဂိုးရဖို.ခက်နေပြီဆိုရင် အင်နိယေစတာနားပြေးကပ်တတ်ပါတယ်။အကြောင်းက သူ.အလိမ်အခေါက်လုပ်လို. အရမ်းကျပ်လာပြိးရှေ.ကိုတိုးလို.မရတော့ရင် အင်နီယေစတာကိုဖြေရှင်းခိုင်းတာဖြစ်လို.ပါ။အဲ.လိုပြောလို. အင်နီယေစတာက ဘောလုံးကိုင်ပြိး နောက်ပြန်ပေးမယ်မထင်ပါနဲ။.ဘောလုံး လှည့်ထုတ်ပြီး မက်ဆီပြန်နေရာယူချိန်ရပြီဆိုတာနဲ.ေ၇ှ.ဆက်သွားနိုင်အောင် မက်ဆီဆီကိုပြန်ပေးတဲ.သူပါ။back passလုပ်ပြီးဖြေရှင်းတာမဟုတ်ပါဘုး။ပြသနာကို ခဏဖြေရှင်းပေးတာဖြစ်ပြီးရှေ.ဆက်သွားလို.ရအောင် ကူညီပေးတဲ.သူပါ။အင်နီယေစတာကိုတစ်နည်းအားဖြင့် ပြသနာဖြေရှင်းပေးသူလို. ခေါ်လို.ရပါတယ်။

ရှေ.ကတိုက်စစ်မှုးသုံးယောက်ကိုတော့ မပြောချင်တော့ပါဘူး။အားလုံးသိတဲ.အတိုင်းတစ်ဦးချင်းစွမ်းရည် အပြည်.ရှိတဲ.အတွက် ကြုံသလို လုပ်တတ်ပါတယ်။နေမာ၊မက်ဆီတို.ကိုလိုက်ထောက်ပေးတာ full-backတွေဖြစ်ပြီးအင်နီယေစတာ၊ရာကီတစ်တို.နဲ.ပူးပေါင်းဆော့ကြသူတွေပါ။ဒီနေရာမှာ ပြောစရာက သူတို.လိုတစ်ဦးချင်းစွမ်းရည်အပြည့်မရှိရင်တော့ ပြသနာတက်တက်ပါတယ်။နောက်တစ်ခုက မက်ဆီ၊နေမာတို.ဟာတစ်ဦးချင်းကောင်းလို.နောက်တန်းလူတွေကိုကျော်ဖြတ်နိုင်တယ်။ဒါပေမဲ. ကျော်ဖြတ်ပြီးရုံနဲ.မပြီးပါဘူး။ကျော်ပြီးတာနဲ.နောက်တစ်ဆင့်ကိုအကျိုးရှိရှိလုပ်ရပါမယ်။ဂိုးသမားနဲ. one on oneတွေ.အောင်ပဲဖြစ်ဖြစ်၊ဆွာရက်ဇ်ကို အပိုင်ဖန်တီးပေးတာပဲဖြစ်ဖြစ်တစ်ခုခုလုပ်နိုင်ရပါမယ်။ရှင်းအောင်ထပ်ပြောရရင် ပြိုင်ဘက်ဂိုးကို ဇုန်၁ အဖြစ်သတ်မှတ်လိုက်ပါ။နောက်ခံလူတစ်ယောက်ကို မကျော်ဖြတ်ခင်မှာ မက်ဆီဟာ ဇုန် ၃မှာရှိနေမယ်ဆိုပါစို.။ကျော်ဖြတ်ပြီးသွားတာနဲ. ဇုန်၁ ကိုသူကိုယ်တိုင်ရောက်နေသည်ဖြစ်စေ၊ဇုန် ၁မှာရှိတဲ. ကစားသမားကို အပိုင်ဖန်တီးပေးသည်ဖြစ်စေ တစ်ခုခု ဖြစ်မြောက်ရပါမယ်။ကျော်ဖြတ်ပြီးလည်း ဇုန်၃မှာ ရှိနေသေးတယ်ဆိုရင်တော့ ball circulation problemဖြစ်ပြီး ကွင်းလယ်မှာတင်ရပ်နေပါလိမ်.မယ်။ဒါဆိုရင် ဘာစီလိုပုံစံလိုက်ကစားတဲ.အသင်းတွေ အခုချိန်ထိ ဘောလုံးကိုင်ပြီးဂိုးမရတဲ.အဖြေကိုသိပြီထင်ပါတယ်။

နောက်ဆုံးအချက်ကတော့ ခံစစ်အစွန်လူတွေပါ။ကစားကွက်က 4-3-3ဆိုပေမဲ.တကယ် ဖိပြီးတိုက်စစ်ဆင်ပြီဆိုရင် 2-3-2-3,2-1-4-3နဲ. 2-1-2-5တို.ဖြစ်သွားပါပြိ။ဒါကြောင့် ဘောလုံးဟာ ပြိုင်ဘက်ဧရိယာထဲမှာ တ၀ဲလည်လည်ဖြစ်နေတာပါ။Aggressive pressingဖြစ်နေမှ ပြိုင်ဘက် က ပြန်မလှန်ရဲတာပါ။တိုက်စစ်တောင်ပံမက်ဆီ-နေမာတို. ဂိုးဧရိယာအတွင်းထဲဝင်လေ အယ်ဘာတို.၂ယောက်ကေ၇ှ.ကိုတက်ရလေဖြစ်ပါတယ်။ပြောရမယ်ဆို မက်ဆီ-နေမာနေရာကို ၀င်ယူရတာပါ။ဒီအချိန်မှာ ဘောလုံးပျက်ပြီဆိုတာနဲ. အမြန်ပြန်ဆင်းရပါမယ်။တီကီတာကာမှာ ဘောလုံးပျက်ပြီဆိုတာနဲ.နီးစပ်ရာလူကို တြိဂံပုံစံဝိုင်းပြီး သုံးယောက်စုပြီးဖျက်ကြပါတယ်။မဖျက်နိုင်ရင် ဘက်စကွတ်စ်က အရေးပါလာပြီး အယ်ဘာတို.နေရာယူချိန်ရအောင် မာရှေယာလို၊ပီကေးတို.နဲ. ပေါင်းပြီး defensive lineကနေလှုပ်ရှားရပါတယ်။ထို.အပြင် false full backဆိုတဲ.ပုံစံလည်းရှိပါတယ်။ဒီပုံစံကိုတော့ ဂွာဒီယိုနာ ဘိုင်ယန်မှာ 4-1-4-1သုံးစဉ်က အသုံးပြုဖူးပြီး ဘယ်ခံစစ်က အလာဘာကို ကွင်းလယ်ကဖိလစ်လမ်းနဲ.တွဲပြီး အတွင်းဝင်ကစားခိုင်းတာပါ။

တီကီတာကာအတွက် sweeper keeperကလည်းအရေးကြီးပြီး သူကန်တင်တဲ.ဘောလုံးဟာ ကွင်းထဲမှာ နေရာလွတ်၇နေတဲ. ကစားသမားဆီကို တိကျစွာရောက်ဖို.အရေးကြီးပါတယ်။Keeper sweeperတွေဟာ ဂိုးဖမ်းဖို.တစ်ခုတင်အရေးကြီးတာမဟုတ်ဘဲ ကစားကွက်တည်ဆောက်မှုပိုင်းမှာပါ တာဝန်ရှိလို.ပါ။တီကီတာကာမှာ နေရာလွတ်လေးတွေဟာ အသက်ဖြစ်တဲ.အတွက် ဂိုးသမားပါ ကူညီပေးရတာပါ။ကွင်းထဲမှာ ပြိုင်ဘက်က  gap များများဖြစ်လေ ပိုကောင်းလေပါပဲ။အမြဲလိုလို အသင်းကစားဟန်က Aggressive Pressingဖြစ်နေရမှာ ဖြစ်ပြီး အကောင်းဆုံးတိုက်စစ်ဟာ အကောင်းဆုံးခံစစ်လို. နှလုံးသွင်းထားတဲ. ကစားဟန်ပါပဲ။ဒီစာတွေ ဖတ်ပြီးလို. တီကီတာကာဟာ အရမ်းကောင်းတဲ. Philosophyတစ်ခုလား။သူ.ကို ဖျက်ဆီးလို.မရဘူးလားဆိုရင်တော့ မဟုတ်ပါဘူး။လောကကြီးက တရားမျှတအောင် အမြဲ ဖန်တီးပေးထားပါတယ်။

Football Techniques-Myanmar Page မှကူးယူဖော်ပြသည်။
တီကီတာကာ(Tiki-taka) ကိုချည်းကပ်ကြည့်ခြင်း တီကီတာကာ(Tiki-taka) ကိုချည်းကပ်ကြည့်ခြင်း Reviewed by Luis Zeno on November 20, 2017 Rating: 5

No comments:

Powered by Blogger.