test

'box to box ဆိုတာဘာလဲ '


box to box အကြောင်းဘော်ဒါကြီးတွေခဏ၂မေးကြပါတယ်းတစ်ချို့ကလည်း ပေါ့ဘာက box to box ပါလို့ပြောကြတယ်။ကျွန်တော်ဆောင်းပါးတစ်ပုဒ်ကိုရေးရင် အချက်အလက်ပြည့်၂စုံ၂နဲ့ပဲရေးလေ့ရှိပါတယ်။အကြောင်း ကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့သီအိုရီနဲ့ ရှင်းပြတာပါ။ဒါကိုနားလည်ပေးစေချင်ပါတယ်။နားမလည်လည်းမတတ်နိုင်တော့ပါဘူး။

box to boxဆိုတာဘာလဲ။အရင်သိဖို့လိုပါတယ်။သူကွင်းထဲမှာဘယ်လိုကစားလဲ။သူဟာ ကွင်းထဲမှာ အင်ဂျင်တစ်လုံးလို အလုပ်လုပ်ရပါတယ်။ပြိုင်ဘက်ဂိုးဧရိယာ boxကနေ ကိုယ့်အသင်းဂိုးဧရိယာboxအထိ လိုအပ်ရင်လိုအပ်သလို ရှေ့နောက် လွန်းထိုး ကစားရပါတယ်။ဘယ်ကစားကွက်တွေမှာတွေ့ရလဲဆိုတော့ 4-2-3-1,4-3-3တို့မှာတွေ့ရများပြီး ရံဖန်ရံခါ 4-4-2မှာလည်းတွေ့ရတတ်ပါတယ်။

သူ့ဘေးနားက တွဲဖက်ကွင်းလယ်လူဘေးမှာ ရံပြီးကစားရသလို တိုက်စစ်ဆင်ချိန်မှာလည်း ရှေ့ကplaymakerနားထိလိုက်တွဲရပါတယ်။သူ့အဓိကတာဝန်ထဲမှာ ဂိုးသွင်းယူဖို့မပါသလို ဂိုးဖန်တီးပေးဖို့လည်းမလိုပါဘူး။သူ့ဘေးနားကကွင်းလယ်လူ အကြပ်ရိုက်နေချိန်မှာ ဘောလုံးလက်ခံလို့ရအောင်နေရာယူပေးပြီးဘောလုံးလက်ခံပါတယ် ပြီးရင်playmaker(ဂိုးရအောင်ဖန်တီးပေးသူ)ဆီရောက်အောင်ဆွဲပြေးပေးရပြီးအရောက်ပို့ပေးပါတယ်။ playmakerက ဘောလုံးဖြန့်ဖို့ ခက်နေတဲ့အချိန်မှာ ခဏဘောလုံးပြန်ယူပေးထားရပါတယ်။အဲ့ဒီတော့ သူလုပ်ရတဲ့ တာဝန်ကကွင်းလယ်ခံစစ်ကစားသမားနဲ့ playmakerတို့ကြားက connectionတစ်ခုဖြစ်ပါတယ်။သူတို့နှစ်ယောက်ကြားက ကြားခံနယ်တစ်ခုအဖြစ် ရပ်တည်ရတာဖြစ်ပြီး သူတို့၂ယောက် အကြပ်ရိုက်နေတဲ့အချိန်မှာလည်း ဘောလုံးပြန်ပေးစရာလူဆိုလို့မရှိတော့တဲ့ အချိန်မှာ box to boxကစားသမားကဘေးနားမှာအမြဲရှိနေရပါတယ်။


မာတစ်ဟာ box to boxပါ။ခီဒီရာ,ရာမီရက်ဇ်,မာတွီဒီ,ကန်တေ,ရမ်ဆေး,ရော့ဝဲလ်,အက်ဆီယန်,ယာဟာတိုရေး,ရာကီတစ်အကုန်လုံးကစားပုံကBOX TO BOXပါ။
ပေါ့ဘာကို box to boxအဖြစ်မန်ယူကမသုံးဘူးလို့ကျွန်တော်ပြောဖူးပါတယ်။အဲ့ပို့စ်ကိုဖြတ်ထားပါတယ်။စကားလုံးနည်း၂ကြမ်းနေလို့ပါ။ဒီpageရဲ့ အမာခံတွေကတော့သိမှာပါ အဲ့ပို့စ်ကို

ပေါ့ဘာကို attacking mildfield အဖြစ်သုံးနေလို့ပါ။ခေါ်ပုံခေါ်နည်းတွေရှိပါသေးတယ်။အသေးစိတ်ဆို စာဖတ်သူတွေ ခေါင်းတွေရှုပ်ကုန်မှာစိုးလို့ပါ။box to box တစ်ယောက်ဟာ တိုက်စစ်စွမ်းရည်အသင့်အတင့် ခံစစ်စွမ်းရည် အသင့်အတင့်ဆိုရပါပြီ။ခံစစ်ကိုထူးချွန်နေစရာမလို သလို တိုက်စစ်အတွက်လည်း ထူးချွန်စရာမလိုပါဘူး။ပေါ့ဘာမှာ attacking  talent တွေရှိနေတဲ့ အတွက် box to box သုံးလိုက်ရင် အသင်းအတွက် အကျိုးပြုတဲ့အချက်နဲ့တွက်ကြည့်ရင် 80%ရမယ့်နေရာမှာ 40%လောက်ပဲရပါလိမ့်မယ်။ဒီအတွက်box to box အဖြစ်သုံးလို့ရပေမဲ့မသုံးတာပါ။သူဘောလုံးရရင်သတိထားကြည့်ပါ။playmaker ကိုလိုက်မပေးပါဘူး။ပေးစရာလည်းမလိုပါဘူး။သူဂိုးရအောင်တိုက်ရိုက်ဖန်တီးပေးနိုင်ပါတယ်။ ဖယ်လိုင်နီကိုဒါကြောင့်ကွင်းလယ်ခံစစ်မှာထိုင်ခိုင်းလိုက်တာပါ။ဒါကြောင့်ပေါ့ဘာဟာbox to boxမဟုတ်ပါ။box to box နဲ့ ဆင်တာပါ။box to box ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းလိုက်မဆော့ပါဘူး။ခံစစ်စွမ်းဆောင်ရည်ရှိပါတယ်။ဒါပေမဲ့ တိုက်စစ်စွမ်းဆောင်ရည်က ပိုသာပါတယ်။

box to boxဆိုတာ ခံစစ်50% တိုက်စစ်50%အညီအမျှရှိတဲ့သူပါ။တစ်ခုကများ တစ်ခုကနည်းနေတာနဲ့ box to boxလို့ခေါ်လို့မရတော့ပါဘူး။box to boxရဲ့အသက်ကလုပ်အားနှုန်း နဲ့ ကစားဖော်တွေဘောလုံးပေးဖို့ခက်နေရင် ဘောလုံးကို ယာယီလက်ခံနိုင်ခြင်းပါ။တကယ်တော့ Box To Box ဆိုတာ အင်ဂျင်တစ်လုံးပါ။အရေးကြီး တဲ့ အခန်းကဏ္ဍမှာလည်းမကြာခဏပါတတ်ပါတယ်။

Football Techniques-Myanmar Page မှကူးယူဖော်ပြသည်။

'box to box ဆိုတာဘာလဲ ' 'box to box ဆိုတာဘာလဲ ' Reviewed by Luis Zeno on November 18, 2017 Rating: 5

No comments:

Powered by Blogger.