လက်ရှိကမ္ဘာ.ဖလားချန်ပီယံက ဂျာမနီအသင်းပါ။ သူတို.ရဲ. ပြည်တွင်းလိဂ် ဘွန်ဒစ်လီဂါက ပရီးမီးယားလိဂ်လောက် ကမ္ဘာ.ဘောလုံးပရိတ်သတ်တွေကို မဆွဲဆောင်နိုင်ပါဘူး။ ဒါပေမဲ. ကစားသမားအရင်းအမြစ်ထွက်ပေါ်မှုမှာ အင်္ဂလန်ကို ကောင်းကောင်းယှဉ်နိုင်သလို လက်ရွေးစင်အသင်းကြီးကို လူငယ်တွေ အကျိုးပြုမှုနှုန်းမှာလည်း အင်္ဂလန်ထက်သာပါတယ်။ ဂျာမန်မှာ လူငယ်မျိုးဆက်မပြတ်ပေါ်ထွက်နေပြီး အသင်းကြီးတွေမှာပုံမှန်နေရာရလာတဲကစားသမားတွေအရင်ကထက်ပိုများလာပါတယ်။ လက်ရွေးစင်အသင်းကြီးက စီနီယာကစားသမားတွေနေရာကို အသင့်အစားထိုးနိုင်မယ့်လူငယ်ကစားသမားတွေများလာခြင်းဟာ ဂျာမန်ဘောလုံးလောကရဲ.တိုးတက်မှုကို ဖော်ပြနေတယ်ဆိုရင်လည်းမမှားပါဘူး။
တကယ်တော့ ဘွန်ဒစ်လီဂါက ပရီးမီးယားလိဂ်လောက် ကြယ်ပွင့်ကစားသမားတွေလာရောက်အခြေချတဲ.နေရာမဟုတ်ပါဘူး။ ဒါပေမဲ. အဖိုးတန်လူငယ်ကစားသမားတွေတော့ များစွာရှိနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်လို ငွေကြေးများစွာအသုံးပြုတဲ. အပြောင်းအရွှေ.မျိုးတွေကိုလဲ ဘိုင်ယန်မြူးနစ်ကလွဲရင် ကျန်တဲ. အသင်းတွေက မလုပ်နိုင်ပါဘူး။ ဒီအတွက် ဘွန်ဒစ်လီဂါမှာ Star playerတွေလာကစားတာရှားပါတယ်။ နာမည်ကြီးကစားသမားအများစုဟာ ဘိုင်ယန်မြူးနစ်တစ်သင်းမှာသာရှိတာပါ။ ဒါတောင် ဘိုင်ယန်မြူးနစ်က ကြေးအရမ်းကြီးတဲ. ကစားသမားမျိုးဆို ခေါ်ဖို. လက်တွန်.တက်ပါတယ်။ ဘွန်ဒစ်လီဂါကလပ်တွေဟာ ပရီးမီးယားလိဂ်ကလပ်တွေလောက် ရုပ်သံကြေး၊ကြော်ငြာကြေးတွေ များစွာရတာမဟုတ်ဘဲ ကွင်းဝင်ကြေးသာ အပြည့်ရတဲ.အသင်းတွေဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအရွေ.တွေမှာ ဂျာမန်ကလပ်တွေက ငွေသုံးဖို.လက်တွန်.တက်ကြပါတယ်။ ငွေကြေးများစွာမသုံးနိုင်တဲ.အတွက် အသင်းအတွက် ကစားသမားအင်အားဖြည့်တင်းမှုမှာ ပြဿနာတွေရှိလာပါတယ်။ ဒီပြဿနာကို ဖြေရှင်တဲ.နည်းလမ်းကတော့ ကလပ်အသင်းတွေရဲ. အကယ်ဒမီတွေနဲ. တခြားဘောလုံးအင်အားနည်းနိုင်ငံတွေက မီးခဲပြာဖုံးကစားသမားတွေကို ဈေးသက်သက်သာသာနဲ. ခေါ်ယူခြင်းပါပဲ။ဒါဟာ ငွေကုန်ကြေးကြလဲနည်းသလို သိပ်လည်းစွန်.စားစရာမလိုဘူးလို. ဂျာမန်ကလပ်တွေက မှတ်ယူကြပါတယ်။
ဘွန်ဒစ်လီဂါရဲ.ထူးခြားချက်ကတော့ ကလပ်အသင်းတွေရဲ. ကစားသမားခေါ်ယူမှုတွေဖြစ်ပါတယ်။ ဂျာမန်ကလပ်တွေရဲ. ခေါ်ယူမှုတွေမှာ အာရှတိုက်က ကစားသမားတွေပါပါဝင်နေတာဖြစ်ပြီး လက်တွေ.မှာလည်း ပုံမှန်နေရာပါပေးပြီး ကစားခွင့်ရနေကြတဲ. အာရှကစားသမားတွေရှိနေပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေလိုဈေးကွက်ချဲ.ထွင်ဖို.အတွက် ခေါ်ယူတာမျိုးမဟုတ်ပဲ ကစာသမားရဲ.အရည်အချင်းကို သဘောကျလို.ခေါ်ယူတာမျိုးပါ။ ဂျာမန်ကလပ်တွေရဲ. ကစားသမားခေါ်ယူမှုတွေကို ယေဘုယျအားဖြင့်ခွဲခြားကြည့်ရင် ဂျပန်၊ကိုးရီးယားတို.လို အာရှတိုက်က ကစားသမားတွေပါဝင်နေသလို၊ပိုလန်နှင့် စကင်ဒီဗီးယန်းအများစုကို ခေါ်ယူခဲ.တာပါ။ ဒီနိုင်ငံတွေက ကစားသမားတွေဟာ ဘွန်ဒစ်လီဂါရဲ. ကစားသမားအရင်းအမြစ်အားနည်းမှုကို အဓိကဖြည့်တင်းပေးနေတယ်ဆိုရင်လည်းမမှားပါဘူး။ အာရှမှာကျားဖြစ်တဲ.ဂျပန်၊ကိုးရီးယားတို.က ကစားသမားတွေ ပုံမှန်နေရာရပြီးကစားခွင့်ရကြတာကလည်း ဘွန်ဒစ်လီဂါမှာပဲဖြစ်ပါတယ်။ လက်ရွေးစင်အသင်းကြီးမှာ မျိုးဆက်ပြတ်တဲ. ပြဿနာကို ဖြေရှင်းဖို.အတွက် ကလပ်အကယ်ဒမီတွေကပါ အားစိုက်လာကြပါတယ်။ အလားအလားရှိတဲ. လူငယ်ကစားသမားများကို ခေါ်ယူပြီး ကလပ်အကယ်ဒမီတွေမှာ အရောင်တင်ပေးခဲ.တာပါ။ ဒီထဲမှာ တခြားနိုင်ငံက ပါဝင်သလို ဂျာမနီက လူငယ်တွေလည်းပါဝင်ပါတယ်။ ဒီနည်းဟာကလပ်အသင်းတွေအတွက်ကော၊ လက်ရွေးစင်အသင်းအတွက်ပါ အကျိုးရှိပါတယ်။ ဂျာမန်သား ကစားသမားဆိုရင် လက်ရွေးစင်အသင်းအတွက်အကျိုးရှိသလို တခြားနိုင်ငံသားဆိုရင် ဈေးမြင့်မြင့်နဲ. ကလပ်က ရောင်းထုတ်လို.ရလို.ပါပဲ။ ဒီကလပ်အကယ်ဒမီတွေကပဲ ဘွန်ဒစ်လီဂါရဲ. ကစားသမားအရင်းအမြစ်ကိုမြှင့်ပေးခဲ.တယ်ဆိုရင်လည်းမမှားပါဘူး။ ဒီထဲမှာမှ ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေတဲ. ထိပ်တန်းအကယ်ဒမီတွေ ရှိပါတယ်။ သူတို.ကို ဂျာမန်မှာတော့ ဘွန်ဒစ်လီဂါရဲ. ပစ္စုပ္ပန်နဲ.အနာဂတ်လို.ခေါ်ကြပါတယ်။
ပထမဦးဆုံးကတော့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ပါ။ ဥရောပစစ်မျက်နှာမှာလည်း တကယ့်ကို ထိပ်တန်းအသင်းကြီးအဖြစ်သတ်မှတ်ခံရတဲ. အသင်းလည်းဖြစ်ပါတယ်။ ဂျာမနီအသင်းကို ကစားသမားတွေမွေးထုတ်ပေးနေတဲ. အသင်းဆိုရင်လည်းမမှားပါဘူး။ ဘိုင်ယန်မြူးနစ်အကယ်ဒမီက အေ၇ာင်တင်ပေးလိုက်တဲ. ကစားသမားတွေက လက်ချိုးရေလို.မရအောင်များလှပါတယ်။ ဒီထဲမှာမှ သောမတ်စ်မူလာ၊ရှဝိန်းစတိုင်ဂါ၊ ဖိလစ်လမ်း၊အလာဘာ၊ဟမ်းမဲလ်၊တိုနီကရူစ်း၊အမ်မရီချန်အိုဝင်ဟားဂရေဗ်.စတဲ. ကစားသမားတွေက ထင်ရှားပါတယ်။ နောက်ထပ်လည်း ဂျာမန်ကြယ်ပွင့်လိုတင်စားရမယ့် ဂျူလီယန်ဂရင်းလို လူငယ်ကစားသမားကိုမွေးထုတ်ထားပါသေးတယ်။ ဘိုင်ယန်အကယ်ဒမီက ကစားသမားတွေဟာ ဘွန်ဒစ်လီဂါရဲ. မျက်နှာဖုံးတွေဖြစ်လာသလို လိဂ်ရဲ. ကစားသမားလိုအပ်ချက်ကိုလည်း အများဆုံးဖြည့်ဆည်းထားတဲ.အသင်းဆိုရင်လည်းမမှားပါဘူး။နောက်ပြီး မူလာ၊ဖိလစ်လမ်း၊ကရူးစ်၊စတိုင်ဂါတို.လို World classတွေကို ကြေးကြီးပေးမ၀ယ်ရဘဲ ပိုင်ဆိုင်ခွင့်ရခဲ.တာပါ။
ရှော်ကေးလ်းကတော့ လက်ရှိဂျာမနီအသင်းကို ကစားသမားတွေမွေးထုတ်ပေးနေတဲ. အသင်းဆိုရင်လည်းမမှားပါဘူး။ ရှော်ကေလ်းအကယ်ဒမီထွက်တွေထဲမှာ နူအာ၊ ဟိုဝီဒက်စ်၊အိုဇေလ်း၊ဒရက်ဇ်လာ၊မက်စ်မေရာ၊ဆာနေး၊ဂျိုရယ်မာတစ်၊ဖရာဟမ်တို.လို ကြယ်ပွင့်တွေပါဝင်ပါတယ်။ လက်ရှိ လက်ရွေးစင်အသင်းကြီးမှာ ဟိုဝီဒက်ဇ်၊အိုဇေလ်း၊နူအာ၊ဒရက်ဇ်လာတို. အဓိကကစားသမားတွေအဖြစ်ကစားခွင့်ရနေသလို ဆာနေး၊မေရာတို.လိုကစားသမားတွေက ဂျာမန်အနာဂတ်တွေအဖြစ်ထင်ကြေးပေးခံနေရတဲ. ကစားသမားတွေပါ။ ဒါကြောင့်ေ၇ှာ်ကေးလ်းအကယ်ဒမီဟာ ပစ္စုပ္ပန်ရော အနာဂတ်အတွက်ပါ ဂျာမနီအသင်းအတွက် အားကိုးရမယ့်အကယ်ဒမီလို. ဆိုမယ်ဆိုရင်လည်းမမှားပါဘူး။
ကိုလုံးအသင်းကတော့ ဂျာမန်ဘောလုံးလောကရဲ.သက်တမ်းရင့်အသင်းပါ။ ပိုဒေါလ်စကီး၊တီမိုဟွန်း၊ဟတ်တာ၊ရောဘတ်ဇီလာ၊မစ်ချဲလ်ဝစ်ဆဲလ်တို.လို ကစားသမားတွေကိုမွေးထုတ်ထားပါတယ်။ ကိုလုံးအသင်းဟာ မနှစ်ကဘွန်ဒစ်လီဂါမှာ အဆင့်5 ရခဲ.တဲ.အသင်းပါ။ ကိုလုံးအသင်းရဲ. ကစားသမားတွေက ဘွန်ဒစ်လီဂါမှာသာအများစုကျင်လည်ကြပြီး နောက်နှစ်တွေမှာ လက်ေ၇ွးစင်အသင်းကြီးကိုထောက်ပံ.ပေးနိုင်မယ့် အကယ်ဒမီလို.ထင်ကြေးပေးခံထားရပါတယ်။
နောက်ပြီးမိုချန်ဂလက်ဘတ်အသင်းကိုလည်းမေ့ထားလို.မရပါဘူး။မိုချန်ဂလက်ဘတ်က မွေးထုတ်ပေးတဲ.ကစားသမားတေါထဲမှာ တာစတီဂျန်လို ဘာစီလိုနာမှာ ကစားနေတဲ. ကစားသမားမျိုးပါဝင်ပြီး ဒါဟွန်း၊ ယူနပ်စ်မာနီ၊ဆာဟန်း၊ပိုလန်စကီးတို.လို တောက်မဲ.မီးခဲတစ်ရဲရဲတွေက ဘွန်ဒစ်လီဂါမှာ အစွမ်းပြဖို.အရှိန်ယူနေပါတယ်။ မိန်.ဇ်အသင်းကတော့ နည်းပြတွေကိုယ်တိုင်က လူငယ်တွေကို ကြိုက်တဲ.သူမျိုးတွေပါ။ နည်းပြဟောင်းတွေဖြစ်တဲ. တူဟယ်၊ရှမစ်တို. လက်ထက်မှာ လူငယ်တွေကိုသာ အများဆုံးအသုံးပြုခဲ.တာပါ။ မိန်.ဇ်အကယ်ဒမီထွက်တွေထဲမှာ လက်ရှိဒေါ့မွန်မှာ ကစားနေတဲ. ဆူဘိုတစ်၊ချဲလ်ဆီးကစားသမားဟောင်းရှာရယ်တို.ပါဝင်သလို အဲရစ်ဂျူရယ်၊ခရစ်ချောဖ်.တို.လို ကစားသမားကောင်းတွေပါဝင်ပါတယ်။ ဒီကစားသမားတွေအားလုံးဟာ ဘွန်ဒစ်လီဂါအတွက်သာမက လက်ရွေးစင်အသင်းအတွက်ပါ ကစားသမားအရင်းအမြစ်ကို ထောက်ပံ.ပေးနေပါတယ်။ ပရီးမီးယားလိဂ်လောက် လိဂ်အောင်မြင်မှုမရှိပေမဲ. ပရီးမီးယားလိဂ်ထက် လက်ေ၇ွးစင်အသင်းကြီးကို ထောက်ပံ.ပေးထားနိုင်တာပါ။ ပွဲတိုင်း ကွင်းလုံးပြည့်အားပေးတဲ. ပရိတ်သတ်တွေရှိသလို ဘိုင်ယန်၊ဒေါ့မွန်တို.လို ဥရောပမှာ လူရိုသေ ရှင်ရိုသေအသင်းတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ ဘွန်ဒစ်လီဂါတွေရဲ. ထူးခြားချက်ကတော့ လူငယ်ကစားသမားတွေကို ရဲရဲဝံ.၀ံ.နေရာပေးရဲတာဖြစ်ပါတယ်။ ဒါပေမဲ. နေရာပေးတာထက် အသင့်သုံးကစားသမားတေါကို ၀ယ်ယူရာမှာ အခက်အခဲ၇ှိတာကြောင့် လူငယ်တွေကိုသာ သု့းတယ်ဆိုရင်လည်းမမှားပါဘူး။ ဒါဟာ ကျွဲကူးရေပါ သဘောမျိုးဖြစ်ပြိး အရည်အချင်းရှိ လူငယ်တွေအပြိုင်းအရိုင်းခြေစွမ်းပြခွင့်ရလာသလို ကလပ်အသင်းတွေဘက်ကလည်း ပြောင်းေ၇ွှ.ကြေးကြီးကြီးမားမားအသုံးပြုစရာမလိုတော့ပါဘူး။ ဘွန်ဒစ်လီဂါရဲ.နောက်ထပ်ထူးခြားချက်ကတော့ အပေါ်ကဆိုခဲ.တဲ. အတိုင်း အာရှဈေးကွက်ကိုပါ အကျိုးရှိရှိသုံးနိုင်ခြင်းမျိုးပါ။ လက်စတာနဲ. ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ.တဲ. အိုကာဇာကီဟာ စတုဂတ်၊မိန်.ဇ်တို.မှာ ကာလကြာရှည်စွာကစားခဲ.တဲ.ကစားသမားဖြစ်သလို လက်ရှိစပါးမှာ ခြေစွမ်းပြနေတဲ.ဆွန်ယောင်မင်ကလည်း လေဗာကူဆင်ရဲ. ပရိုမိုးရှင်းနဲ. ပရီးမီးယားလိဂ်ရောက်ခဲ.တာပါ။ လက်ရှိဘွန်ဒစ်လီဂါမှာ ကစားနေဆဲကစားသမားတွေဖြစ်တဲ.အူချီဒါ၊ဂျပန်အသင်းခေါင်းဆောင်ဟာဆီဘီ၊အိုဆာကို၊တာကာရှိအူဆာမီ၊ ရှင်ဂျီကာဂါဝါတို.ဟာ သက်ဆိုင်ရာကလပ်တွေမှာ ခြေစွမ်းပြနိုင်ခဲ.တဲ.ကစားသမားတွေပါ။ အာရှဈေးကွက်က ကစားသမားသမားတွေဟာ တခြားဈေးကွက်တွေထက် ဈေးနည်းလို.ဂျာမန်ကလပ်တွေအတွက် အရင်းစိုက်စရာမလိုတဲ. အမြက်တွေလို.တောင် ပြောလို.ရပါတယ်။
နောက်ပိုင်းမှာ ဒေါ့မွန်အသင်းရဲ. လူငယ်စုဆောင်းမှုပေါ်လစီကလည်း စိတ်ဝင်စားစရာဖြစ်လာပြီး talentရှိတဲ. လူငယ်တွေနဲ. တည်ဆောက်ထားတာကြောင့် ဘယ်လောက်အထိခရီးေ၇ာက်မလဲဆိုတာစောင့်ကြည့်ရပါမယ်။ လူငယ်ကစားသမားတွေအနေနဲ.လည်းဘာစီလိုနာ၊ ရီးရဲ၊ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေမှာ ပွဲထွက်ခွင့်ရဖို.ထက် ဒေါ့မွန်လို အသင်းမှာ ပုံမှန်ကစားခွင့်ရဖို.ပိုသေချာတာကြောင့် လစာကို မကြည့်ကြတော့ပဲ ရွေးချယ်လာကြတာပါ။ ဒီပုံစံဟာ ဒေါ့မွန်အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်ပြီး အသင်းအတွက် အသုံးဝင်သလို ကစားသမားက အသင်းပြောင်းချင်ရင်လည်း ကြေးမြှင့်ပြီးရောင်းထုတ်လို.ရပါတယ်။ပရီးမီးယားလိဂ်လို ရုပ်သံကြေးနှုန်းထားမျိုးမရပေမဲ. ပွဲစဉ်တိုင်းမှာ ကွင်းလုံးပြည့်လာရောက်အားပေးတဲ. ပရိတ်သတ်တွေရှိတဲ.လိဂ်လည်းဖြစ်ပါတယ်။ ဒါဟာ နာမည်ကျော်တွေရဲ.ခြေစွမ်းကို လာရောက်ကြည့်ရှုခြင်းဆိုတာထက် ဂျာမန်လူငယ်တွေရဲ. ခြေစွမ်းကို လာရောက်အားပေးခြင်းဆိုရင်ပိုမှန်ပါတယ်။ ဒါကြောင့် တခြားလိဂ်တွေလို ကြေးများများမသုံးပေမဲ. ကစားအရင်းအမြစ်ပေါကြွယ်ဝအောင် ကလပ်အကယ်ဒမီတွေက မွေးထုတ်ပေးနိုင်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာက ကစားသမားတွေကို အရောင်တင်ပေးနိုင်တဲ. ဘွန်ဒစ်လီဂါဟာ တကယ့်ကို အကျိုးရှိတဲ.လိဂ်လို.သတ်မှတ်ရမှာပါ။
ဂျာမနီ လက်ေ၇ွးစင်အသင်းကြီးကိုထောက်ပံ့နိုင်တဲ. နေရာမှာလည်း ဘွန်ဒစ်လီဂါကလပ်တွေက အရေးပါတဲ. အခန်းကဏ္ဍမှာပါဝင်နေတာသိသာလှပါတယ်။ ဘွန်ဒစ်လီဂါရဲ. တန်ဖိုးနည်းပေါ်လစီဟာ အကျိုးရှိပြီး ထိရောက်တယ်လို.ဆိုရင်လည်းမမှားပါဘူး။
Football Techniques-Myanmar Page မှကူးယူဖော်ပြသည်။

ဘွန်ဒစ်လီဂါနှင့်တန်ဖိုးနည်းပေါ်လစီ
Reviewed by Luis Zeno
on
November 17, 2017
Rating:

No comments: