တီကီတာကာကို အကြမ်းဖက်လို.ရမယ့်နည်းလမ်းတွေကို တင်ပြပါမယ်။ဒီနေရာမှာ တစ်ခုထည့်စဉ်းစားသင့်တာက ဘယ်နည်းက အကောင်းဆုံးလို. ပြောလို.မရပါဘူး။အခြေအနေနဲ. အချိန်အခါကိုသာ ကြည့်ပြီးသုံးတာ အကောင်းဆုံးပါ။နောက်ထပ်အရေးကြီးတဲ. အချက်ကတော့ ရှေ.ဆောင်းပါးမှာရော ခုဆောင်းပါးမှာပါ ဘောလုံးအသင်းများဧ။် အချက်အလက်များနှင့်အတူကျွန်တော့် ကိုယ်ပိုင်အယူအဆ အနည်းငယ်ထည့်ရေးထားတဲ.အတွက် စာဖတ်သူတို. စိတ်တိုင်းကျလွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိကြောင်းလည်း ကြိုတင်ပြီး requestလုပ်ထားပါရစေ။
တီကီတာကာရဲ. နေရာယူပုံတွေဟာ Triangleတွေလို.တင်ပြပြီးပါပြီ။နောက်တစ်ခုက သူတို.ရဲ.နေရာယူပုံကောင်းမွန်ခြင်းပါ။ဘောလုံးလက်ခံလို.ရအောင် တစ်ဦးချင်းစီရဲ. နေရာယူပုံကို rotate လုပ်ထားတာလည်းတွေ.ရမှာပါ။သူတို. Rhythmပျက်သွားအောင်လုပ်ချင်ရင် သူတို.နေရာယူထားတဲ. တြိဂံတွဲလုံးကြားထဲကို ၀င်ရောက်ပြီး ဖျက်ဆီးခြင်းပါ။ ဘယ်ဘက်အခြမ်းဆိုအယ်ဘာ-အင်နီယေစတာ-နေမာတွဲလုံးတွေရှိမယ်။ဒါမှမဟုတ် အင်နီယေစတာ-နေမာ-ဆွာရက်ဇ်လည်း Triangleပါပဲ။နောက်တစ်မျိုးထပ်ယူချင်သေးလား။မက်ဆီက အလယ်ဝင်လာပြီး မက်ဆီ-အင်နီယေစတာ-ဆွာရက်ဇ် ၊ မက်ဆီ-ရာကီတစ်-ဆွာရက်ဇ်စသဖြင့်ပေါ့။ဘယ်လိုတွဲတွဲကွင်းထဲက အခြေအနေကြည့်ပြီး ၃ယောက်ပေါင်းတွဲကြတာတွေ.ရပါလိမ့်မယ်။တြိဂံတစ်ခုကို ဖျက်ချင်ရင် အနား၂နား ဖျက်ရမှာ ဖြစ်တဲ.အတွက် သူတို.နေရာယူထားတဲ. တြိဂံပုံစံထဲကို လူ၂ယောက် လိုက်ဖျက်ခြင်းပါ။ဒီလိုဆိုရင် သူတို.တွဲလုံးတွေ အပျက်များလာပါလိမ့်မယ်။လွယ်သလားလို.မေးရင်မလွယ်ပါဘူး။တီကီတာကာ သဘောတရားအရ ဘောလုံးပေးရင်တစ်ချက်ထိ အမြန်ပေးစနစ်ဖြစ်တဲ.အတွက် သူပေးတဲ.ဘောလုံးထက် ကိုယ့်ခြေထောက်က မြန်နေမှဖြစ်မှာပါ။ဒီလိုမျိုးတစ်ပွဲလုံးလုပ်နိုင်ဖို.လိုပါတယ်။ဆီမြွန်ီိတို.ကတော့ 4-4-2flatsနဲ.တွဲပြီးလုပ်သွားပါတယ်။အောင်လည်းအောင်မြင်ပါတယ်။ဒါပေမဲ. တြိဂံတွဲလုံးဖျက်ထားပေမဲ. Individual skill ကောင်းတဲ. မက်ဆီတို.က soloထိုးဖောက်နိုင်ပါတယ်။ဒီနေရာမှာ လိမ္မာပါးနပ်တဲ. Foul playကစကားပြောလာပါပြီ။ကြမ်း၂တမ်း၂လိုက်ဖျက်ပြီး ဟန်.တားဖို.ကြိုးစားရပါမယ်။တစ်ချို.လူတွေက ပြောပါတယ်။ ဘာစီလိုနာဟာ ဒိုင်အမြဲကူတဲ.အသင်း “ဒိုင်ကူလိုနာ” လို.ပြောကြပါတယ်။ဒိုင်ကူခြင်း မကူခြင်းထက် ဒိုင်လူကြီးအနေနဲ. သူပေးရမဲ. ပြစ်ဒဏ်ဘောတွေကိုတော့ ပေးမှာပါပဲ။ ဒါသူ.အလုပ်ပါ။ပြိုင်ဘက်ကလည်း foul ball ပေးခံချင်လို.ကိုလုပ်တာပါ။အကြောင်းကတော့ pressingလုပ်နေတဲ. တိုက်စစ်အရှိန်ကို ပြစ်ဒဏ်ဘောပေးပြီး ရပ်တန်.လိုက်တာ အကောင်းဆုံးပါ။ဒိုင်လူကြီးက ပြစ်ဒဏ်ဘောပေးရင် အရင်းပါ။မပေးရင် အမြတ်ပါပဲ။
ဒါကြောင့် ဘာစီနဲ.တွေ.ရင် အနီ၊အ၀ါတွေ ဖြစ်ရတာပါ။ဒီနေရာမှာ ပါးပါးနပ်နပ် foul playလုပ်တတ်တဲ. အသင်းတွေက ရီးရဲ၊တီကို၊ချဲလ်ဆီး(ကွန်တီလက်ထက်မပါ)တို.ပါ။ဒီသုံးသင်းလုံးဟာ ကစားဟန်ကိုက ခပ်ကြမ်းကြမ်းနဲ. မြန်နှုန်းတင်ကစားတဲ. ကစားဟန်တွေကိုပိုင်ဆိုင်ကြတာတွေ.ရပါလိမ့်မယ်။တိုက်ဆိုင်စွာပဲ ဘာစီလိုနာ အမြဲတမ်းအခက်တွေ.ရပြီး ရင်ဆိုင်ရခက်တဲ.အသင်းဟာလည်း ဒီသုံးသင်းပါပဲ။နောက်တစ်ခုကတော့ triangle defenseပါ။ဒီနေရာမှာလည်း ရွေးချယ်စရာ၂ခုရှိပါတယ်။တစ်ကွင်းလုံးအတွက်စဉ်းစားမလား။ပြိုင်ဘက်ရဲ. Target manကို ပစ်မှတ်ထားပြီး defenseလုပ်မလားလို.ပါ။2009ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ချဲလ်ဆီး-ဘာစီတွေ.ဆုံတုန်းက ချဲလ်ဆီးနည်းပြဟစ်ဒဒ့်ဟာ မက်ဆီကို မီခေလ်း-တယ်ရီ-ဘော.ဆင်ဝါတို.နဲ.triangle defenseလုပ်တာ အောင်မြင်ဖူးပါတယ်။တန်ပြန်တိုက်စစ်အတွက် လမ်းပတ်ဟာ မီခေလ်းနဲ. ကပ်နေပြီး ရှေ.မှာရှိတဲ. တိုက်စစ်မှုးဆီကို long passနဲ.ချပေးပါတယ်။ဒီနည်းဗျူဟာလည်းအောင်မြင်ခဲ.ပါတယ်။2010မှာတော့ ဒီပုံစံအတိုင်းအင်တာမီလန်ကိုင်တွယ်နေတဲ. မော်ရင်ဟို အသုံးပြုခဲ.ပြီး နောက်တစ်နှစ်ရီးရဲပြောင်းတော့လည်းထပ်သုံးခဲ.ပါတယ်။ဒီမက်တီယိုကတော့ 4-5-1နဲ. ရင်ဆိုင်သွားတာဖြစ်ပြီး ဘာကာရဲ.တောင်ပံကစားသမားတွေ အတွင်းဝင်လို.မရအောင် ပိတ်ဆို.ကစားသွားပါတယ်။ရာမီရက်စ်ဟာ ဒန်နီအဲဗက်စ်ကို ကွင်းလယ်ကြောထဲဝင်လို.မရအောင် ဆွဲခေါ်သွားပြီး အကောင်းဆုံးကစားသွားပါတယ်။ဘာကာရဲ. အသက်ဟာ ကွင်းလယ်မှာ gap များများရဖို.ဖြစ်လို. gapတွေမရတော့တဲ.အခါ အသက်မဲ.သွားပါတယ်။ဒါကြောင့်တောင်ပံကနေကသာ ဖြတ်တင်ဘောတွေ ပေးပြီးအဆုံးသတ်ရပါတယ်။ဘာကာရဲ. အားနည်းချက်ဟာ လေထဲကနေ offensive pressingလုပ်တဲ.အချိန်ဖြစ်လို.ခေါင်းတိုက်ဘောတွေမှာ ချဲလ်ဆီးကစားသမားတွေဟာ အမြဲအသာရပြီး သက်သောင့်သက်သာ ကစားသွားနိုင်ပါတယ်။
နောက်တစ်ခုကတော့ “fake pressing”အကြောင်းပါ။ဂျက်စ်ဟေးနက်စ်ကိုင်တွယ်စဉ် ဘာကာကို အပြတ်အသတ်နှိပ်ကွပ်ခဲ.တဲ.ပွဲပါ။ဒီပွဲမှာ သူရဲကောင်းလို.သတ်မှတ်ကြတာက မူလာတို.ရော်ဘင်တို.ကိုပါ။ဒါပေမဲ.တကယ့်သူရဲကောင်းက ယာဗီး မာတီနက်ဇ်ဖြစ်နေပါတယ်။ဘိုင်ယန်ဟာဘာကာရဲ. ကစားသမားတွေကို လူရွေးချယ်ပြီး markingလုပ်သွားပါတယ်။(ပုံကိုကြည့်ပါ။)
ဘာကာ နောက်ခံလူတွေဖြစ်တဲ. ဘာထရာနဲ. ပီကေးကို ဘောလုံးကိုင်ခိုင်းထားပြီး ထောက်ချောက်ဆင်ထားပါတယ်။ကွင်းထဲမှာ ဘောလုံးအများဆုံးကိုင်ထားနိုင်တာ သူတို.နှစ်ယောက်ဖြစ်အောင်ဖန်တီးထားတာပါ။ကျွန်တော် ပြောဖူးသလိုပဲ ကစားကွက်ဝင်ရိုးဟာ ဘက်စကွတ်ဖြစ်တဲ.အတွက် ဘက်စကွတ်စ်ကို မာရီယိုဂိုမက်စ်က markingယူထားပါတယ်။မူလာကတော့ spaceတွေကိုချောင်းကစားပါတယ်။မာတီနက်ဇ်ဟာ ကစားကွက်တစ်ခုလုံးကိုထမ်းထားပြီး တန်ပြန်တိုက်စစ်မှာ သူရဲ. ဘောလုံးလမ်းကြောင်းတွေက ပွဲရလာဒ်ကို ပြောင်းလဲသွားစေတာပါ။သူဟာတိုက်စစ်ဆင်ချိန်မှာအလွတ်ဖြစ်နေတဲ. မူလာဆီပို.ပေးနိုင်တဲ.အတွက် အခွင့်အရေးပေါင်းများစွာရပြီး 4-0နဲ.နိုင်ခဲ.ပါတယ်။ခံစစ်ကစားချိန်မှာလည်းမက်ဆီ-အင်နီယေစတာ-ဇာဗီတို.ရဲ. တွဲလုံးသာမက ဘက်စကွတ်စ်ကို ကပ်ထားတဲ. ဂိုမက်စ်နဲ.ပေါင်းပြီး တီကီတာကာရဲ.ဟန်ချက် ဇာဗီ-အင်နီယေစတာ-ဘက်စကွတ်စ်တွဲလုံးကို ဖျက်ဆီးသွားပါတယ်။ရော်ဘင်၊ရစ်ဘာရီတို.ဟာ Defenseလုပ်ချိန်မှာfull backsတွေအဖြစ်ကစားသွားပါတယ်။ဒီနှစ် မန်ချက်စတာဒါဘီမှာ မန်ယူစောစောစီးစီးဂိုးပေးရရင် ဖာနန်ဒင်ဟိုနေရာထိတက်ထောက်ကစားသင့်တယ်လို.ကျွန်တော်ရေးခဲ.ဖူးပါတယ်။ဒုတိယပိုင်းမှာ ဖာနန်ဒင်ဟိုကို ဖယ်လိုင်နီ တက်ထောက်တဲ.အချိန်မှာ မန်ယူပြန်ဖိနိုင်တာတွေ.ရပါလိမ့်မယ်။ဘာဖြစ်လို.လဲဆိုတော့ ဒီနေရာဟာသူတို.အတွက်အရေးကြီးလို.ပါ။ “Keeper sweeper”ကိုထောက်ပြီးတော့လည်းကစားသင့်ပါတယ်။မန်ချက်စတာဒါဘီမှာ ဘရာဗိုကို လွှတ်ပေးပြီး မထောက်ထားတဲ.အတွက် ကိုလာရောပ့်နဲ. အပေးယူလုပ်ပြီး အဖွင့်ဂိုးဖန်တီးသွားတာတွေ.ရမှာပါ။ဒါကြောင့် keeper sweeperကို ဖိအားပေးထားတာ အကောင်းဆုံးပါ။
gegenpressing styleရှိတဲ.အသင်းတွေနဲ.ရင်ဆိုင်ရင်လည်းတီကီတာကာ အခက်တွေ.တတ်ပါတယ်။နောက်ဆုံးအနေနဲ.တင်ပြရရင်တော့ တီကီတာကာကို ချိုးဖျက်ကျတဲ.အသင်းတွေဟာ တစ်ပွဲလုံးကြံ.ခိုင်မှုကောင်းမှု၊တောင်ပံတိုက်စစ်ကောင်းမွန်မှုတွေအကြောင်းကိုပြောနေကြပါတယ်။လူတွေသတိမပြုမိတဲ.အချက်က တချို.အသင်းတွေမှာတောင်ပံကစားသမားတွေလောက်မမြန်ပေမဲ. ကွင်းလယ်က ဘောလုံးဦးနှောက်ကောင်းတဲ. Long passပိုင်တဲ. ကစားသမားတွေဟာ လူမသိသူမသိအကျိုးပြုနေပါတယ်။ကျွန်တော် သူတို.ကို ချပြပါမယ်။
1.လမ်းပတ်(ချဲလ်ဆီး)
2.ရှနိုက်ဒါ(အင်တာ)
3.မာတီနက်ဇ်(ဘိုင်ယန်)
4.ဂါဘီ(အက်သလက်တီကို)
5.မိုဒရစ်(ရီးရဲ)
ထပ်ပြောရရင်အဲရစ်ဆင်တို.အယ်လီတိုလိုကစားသမားတောင်ပါလို.ရပါတယ်။ဘယ်လိုနည်းနဲ.ပဲ တီကီတာကာကို ဖျက်ဆီးဖျက်ဆီး နည်းစနစ်ကွဲပြားတာအရေးမကြီးပါဘူး။
Football Techniques-Myanmar Page မှကူးယူဖော်ပြသည်။

"တီကီတာကာ(Tiki-taka)ကို အကြမ်းဖက်ခြင်း"
Reviewed by Luis Zeno
on
November 20, 2017
Rating:

No comments: