test

Double Pivot

 Double pivotဆိုတဲ.စကားမှာ Pivotဆိုတဲ. စကားလုံးရဲ. အဓိပ္ပာယ်ကို နားလည်ဖို.လိုပါတယ်။ pivot=မဏ္ဍိုင်လို.အဓိပ္ပာယ်ရပြီး (ဥပမာ-တိုင်းပြည်မဏ္ဍိုင်၊မိသားစုမဏ္ဍိုင်၊စီးပွားရေးမဏ္ဍိုင်ဆိုတဲ. အဓိပ္ပာယ်နဲ. အသုံးနှုန်းချင်းတူတူပါပဲ။)ဒါကြောင့် double pivotဆိုတာ အရေးကြီးတဲ. မဏ္ဍိုင်၂ခုလို.အဓိပ္ပာယ်ရပါတယ်။ဘယ်နေရာ အရေးကြီးလဲဆိုတော့ ကစားကွက် ဟန်ချက်ညီအောင်ထိန်းတဲ.နေရာမှာ အရေးကြီးပါတယ်။တိုက်စစ်ကနေ ခံစစ်ကူးပြောင်းချိန်၊ခံစစ်ကနေ တိုက်စစ်ကူးပြောင်းချိန်တွေဟာ အရေးကြီးဆုံးအချိန်တွေပါ။ဒါဟာ double pivotရဲ.သဘောတရားပါပဲ။တစ်ယောက်တည်းကစားရင် single pivotဖြစ်ပြီး၊နှစ်ယောက်ဆို double pivotပါ။ကစားကွက်အနေနဲ. 4-2-3-1ရဲ. (2)ဆိုတဲ.နေရာ4-4-2ရဲ. (4)ဆိုတဲ.နေရာတွေအပြင် တခြား Formationတွေမှာလည်းသုံးကြပါတယ်။ဒါကြောင့် ကွင်းလယ်က center midfieldersတွေကို pivotတွေလို.အလွယ်တကူသတ်မှတ်လို.ရပါတယ်။

တကယ်တော့ double pivotတွေဟာ ကွင်းလယ်ဟန်ချက်ညီလှုပ်ရှားဖို.နဲ.  ကစားကွက် အသက်ဝင်ဖို.အတွက် အဓိက အခန်းကဏ္ဍမှာ ပါဝင်တဲ.သူတွေပါ။အသင်းတော်တော်များများကလည်း  double pivot roleကို အထူးဂရုစိုက်ပြီး ပြင်ဆင်ကြပါတယ်။တိုက်စစ်ကစားသမားတွေလောက်ထင်သာမြင်သာမရှိပေမဲ. တကယ်ကိုအသုံးဝင်တဲ.သူတွေပါ။ “Midfielder” ၂ယောက်တွဲထားတာဖြစ်ပြီး သူတို.ရဲ.အဓိကတာဝန်က နောက်တန်းခံစစ်တန်းကြားက spaceတွေကို  block လုပ်ဖို.နဲ. ရှေ.ကတိုက်စစ်ကစားသမားတွေကို ပံ.ပိုးဖို.ပါ။ပွဲရဲ. Tempoကိုလိုသလိုထိန်းခြင်း ၊ဘောလုံးကို တိုက်စစ်၊ခံစစ်deep positionထိလိုက်ပါရခြင်းတို.ပြုလုပ်ကျရပါတယ်။ဒါကြောင့် သူတို.ဟာ ခံစစ်နဲ. တိုက်စစ်ကြားက connectorတွေလို.ပြောလို.ရပါတယ်။တစ်ယောက်ကေ၇ှ.တက်ပြီး attackလုပ်နေချိန်မှာ တစ်ယောက်ကကျန်ခဲ.မှာ ဖြစ်ပြီး ခံစစ်ကို ဂရုစိုက်ရပါတယ်။လိုအပ်ရင်လည်း ကျန်တဲ.တစ်ယောက်က ရှေ.ကို လိုက်တွဲပေး၇ပါတယ်။အကြမ်းဖျင်းသတ်မှတ်ရရင် တစ်ယောက်ဆင်း တစ်ယောက်တက်ဆိုတဲ. မူကို ကျင့်သုံးပြီး ကစားကြသူတွေပါ။တစယောက်ဆင်းတစ်ယောက်တက်ခြင်းရဲ. အကျိုးကျေးဇူးကတော့ ရှေ.မှာနေရာတစ်နေရာပိုလွတ်ခြင်းပါ။(ဥပမာ-ပေါ့ဘာရှေ.တက်သွားရင် no.10 roleမာတာနေရာကိုရောက်ပါလိမ့်မယ်။မာတာက ဂိုးေ၇ှ.နားရောက်သွားပြီးမာတာအေ၇ှ.က မိုဗစ်က ဂိုးပေါက်နဲ. အနီးဆုံးနေရာထိတက်ပြီး အခွင့်အရေးကိုစောင့်လို.ရပါတယ်)။ိdouble pivotတွဲဖို. ဘယ်လို midfielderအမျိုးအစားတွေနဲ.တွဲသင့်လဲဆိုတဲ. အချက်က ပိုစိတ်ဝင်စားဖို.ကောင်းပါတယ်။ဘာဖြစ်လို.လဲဆိုတော့ အတွဲမတတ်ရင် ကိုယ့်အသင်း ကိုယ်ပြန်သတ်သလို ဖြစ်မှာမို.လို.ပါ။ဘောလုံးက အရှေ.မရောက် အနောက်မရောက်နဲ. ဒုက္ခရောက်တတ်ပါတယ်။ double pivotတွေဟာ လိုအပ်ချက်အနည်းငယ်ရှိသောသူတွေနဲ.တွဲတာပိုကောင်းတယ်လို.ထင်ပါတယ်။(မိမိအမြင်သာ)

အရမ်းperfectဖြစ်နေတဲ. ကစားသမား၂ယောက်တွဲထားရင် ဟန်ချက်မညီတဲ. ပြဿနာရှိနိုင်ပါတယ်။perfectဆိုတဲ.စကားကို ပြန်ရှင်းချင်ပါတယ်။နှစ်ယောက်လုံးက တိုက်စစ်ကိုအားသန်သူများဖြစ်နေခြင်း၊ခံစစ်ကိုပဲ အားသန်နေခြင်း၊တစ်ခုကောင်းပြီး တစ်ခုညံ.နေခြင်းကို ၂ယောက်လုံးမှာရှိလို.မရပါဘူး။ဒီအချက်နဲ.ပတ်သတ်ပြီး သဘောထားကွဲလွဲမှု တွေလည်းရှိကြပါတယ်။ကျွန်တော်သတ်မှတ်ထားတဲ.formကတစ်ယောက်က ခံစစ်(သို.)တိုက်စစ်မှာ ထူးချွန်နေလို.ရတယ်။နောက်တစ်ယောက်ကတော့ တိုက်စစ် 60 ခံစစ်ကို40လောက်စွမ်းဆောင်နိုင်ရင်ရပါပြီ။ဥပမာအားဖြင့်  လွန်ခဲ.တဲ.၃နှစ်လောက်က မန်စီးတီးအသင်းဟာ Defnsive midfielder နှစ်ယောက်ကိုတွဲသုံးပါတယ်။ဘယ်ရီနဲ. ယာယာတိုရေးကိုပါ။ယာယာတိုရေးဟာ box to boxလို.ဆိုလို.ရပေမဲ. Defensive midfieldထဲမှာ ပါပါတယ်။ဒါပေမဲ. အများအားဖြင့် ယာယာတိုရေးက attackingပိုင်းကို ပိုလုပ်ပြီး ဘယ်ရီက Defensive lineထိပ်ကနေသာ ခံစစ်ကို coverလုပ်ပြီးကျန်ခဲ.ပါတယ်။အာဆင်နယ်မှာတော့ ၀ီရှိုင်းယားနဲ. အာတီတာကိုသုံးပါတယ်။ဒီထဲမှာမှ နည်းနည်းကွဲပါတယ်။အာဆင်နယ်အသင်းဟာ ၀ီရှိုင်းယားတက်ရင် အာတီတာဆင်းပြီး အာတီတာတက်ရင် ၀ီရှီုင်းယားဆင်းပါတယ်။ဆိုလိုတာက အာဆင်နယ်ဟာ ဘယ်သူကိုတော့ အများအားဖြင့် ခံစစ်မှာနေ ဘယ်သူကိုတော့ ရှေ.မှာနေဆိုသလိုမရှိပဲ ကြုံသလိုတက်ကစားပါတယ်။မန်စီးတီးက သတိကြီးကြီးနဲ. Defnsiveကိုအထူးဂရုစိုက်တဲ. ကစားသမားနဲ. ရှေ.တက်ပြီးဘောလုံးဆွဲပြေးမယ့်ယာယာတိုရေးလို box to box playerနဲ. Double pivotတွဲပါတယ်။မန်စီးတီးနဲ.အာဆင်နယ်၂သင်းရဲ. အဲ.ဒီအချိန်ကခြားနားချက်ကတော့ မန်စီးတီးက 4-2-3-1ကစားကွက်သုံးပြီး အာဆင်နယ်အသင်းက 4-5-1သုံးတာပါ။ဒီကစားကွက်ခြားနားချက်ကြောင့်ပဲ ၀င်းဂါးသုံးရဲတာလို.ပဲသတ်မှတ်ရပါမယ်။ Double pivotကို စွဲစွဲမြဲမြဲသုံးတဲ. နည်းပြကတော့မော်ရင်ဟိုဖြစ်ပြီး  ကိုင်တွယ်သမျှအသင်းတိုင်းမှာသုံးခဲ.ပါတယ်။ချဲလ်ဆီးကိုဒုတိယအကြိမ်ကိုင်တွယ်ချိန်မှာ မာတစ်-ဖာဘရီဂတ်စ်အတွဲကို တော်တော်လေးအားကိုးသွားတာတွေ.ရပါတယ်။ဒီနေရာမှာ တိုက်ဆိုင်မှုတစ်ခုကိုသွားတွေ.ရမှာဖြစ်ပြီး မာတစ်ဟာ ဖန်တီးနိုင်မဲ.စွမ်းရည်သိပ်ရှိသူမဟုတ်ပါဘူး။ဒါပေမဲ.သူရဲ.တွဲဖက် ဖာဘရီဂတ်စ်က ဖန်တီးနိုင်စွမ်းရှိတဲ.ကစားသမားပါ။မာတစ်ဟာ defenseကို ကျွမ်းကျင်သူမို. နောက်မှာပဲနေပြီး ဖာဘရီဂတ်စ်ကတက်ပါတယ်။အရေးကြုံတဲ.အချိန်မှ ပြိုင်တူလှုပ်ရှားပါတယ်။ရာသီဝက်ကုန်ချိန် မာတစ်နာသွားချိန်မှာ ဖာဘရီဂတ်စ် ရှေ.သိပ်မတက်ရတော့လို. ဂိုးဖန်တီးမှုပါကျသွားပါတယ်။ဒါကို ဖာဘရီဂတ်စ် ခြေကျသွားပြီးလို.ပြောလို.မရပါဘူး။သူရှေ.တက်ချိန်မှာ ခံစစ်ကို safetyဖြစ်အောင်လုပ်ပေးတဲ.မာတစ်နာသွားလို.သူ ရှေ.မတက်ရဲတာပါ။မန်ယူအသင်းမှာလက်ရှိကြုံနေရတဲ.ပြသနာဟာ လည်းဒီအတိုင်းပဲဖြစ်ပြီး ကွဲပြားတာတစ်ခုက ဖယ်လိုင်နီကို မာတစ်လို defenseပိုင်းပဲအားကိုးချင်ပေမဲ. ပေါ့ဘာဟာ တိုက်စစ်၊ခံစစ်အချိုး 60း40လောက်ရှိဖို.ရုန်းကန်နေရလို. အတွဲမညီဖြစ်နေခြင်းပါ။ပေါ့ဘာအကူအညီလိုချိန်မှာလည်း ဖယ်လိုင်နီဟာ ခဏပဲဘောလုံးလက်ခံပေးနိုင်လို.ပေါ့ဘာကို ကူမဲ.သူမရှိတာပါ။ပေါ့ဘာကို အားကိုးပြီးအပိုင်ကွက်တွက်ထားတဲ.မော်၇င်ဟို ဒုက္ခရောက်နေရတာ ဒီအချက်လည်းပါပါတယ်။ပေါ့ဘာကိုတွဲမယ့်သူမ၀ယ်ခဲ.ခြင်းနဲ. inverted wingerကောင်းကောင်းမရှိခြင်းကြောင့် double pivotပျက်နေပါတယ်။ double pivot နဲ. Inverted wingerဟာလည်းဆက်စပ်မှုအနည်းငယ်ရှိပါတယ်။

နောက်တစ်ချက်ကတော့ double pivot နဲ. Deep-lying midfielderအပိုင်းပါ။ ဘာစီလိုနာအသင်းလိုပုံစံမျိုးမှာ  double pivotစစ်စစ်တွဲသုံးလို.မရပါဘူး။အကြောင်းက ဘက်စကွတ်စ်လို ကစားသမားရှိနေလို.ပါ။ဘက်စကွတ်စ်ဟာ  defensive midfielderလို. အလွယ်သတ်မှတ်ကြတာဖြစ်ပြီး သူ.ကစားဟန်ကတော့ positional defenderဆန်ပါတယ်။ခွန်အားသုံးဖို.ထက် ဘောလုံးလမ်းကြောင်းတွက်ဆမှု၊through ballတွေ  driect passingတွေကို အားပြုပြီးကစားသူပါ။သူ ပုံစံက ကွင်းလယ်စက်ဝိုင်းမှာ ဘောလုံးကို ကြိုက်သလောက်ကိုင်ပြီး ပေးပို.မှုပေါင်းများစွာပြုလုပ်နိုင်ပါတယ်။သူ.အတွက်တွဲဖက်မလိုပါဘူး။သူ.ဘေးနားမှာတစ်ယောက်ရှိနေခြင်းဟာ နေရာတစ်နေရာ ပုပ်တာကလွဲပြီး ဘာမှမထူးပါဘူး။လက်ရှိအခြေအနေနဲ.ပဲပြောပါမယ်။ ရာကီတစ်ဟာ box to boxပါ။ခံစစ်ကစားချိန်တစ်ချိန်ပဲ ဘက်စကွတ်စ်ကို အနည်းငယ်ကူပေးတာဖြစ်ပြီး ကျန်တဲ.အချိန်မှာ အင်နီယေစတာ၊မက်ဆီ၊full-backတွေနဲ.လိုက်တွဲနေတာပါ။ဘက်စကွတ်စ်က ကွင်းလယ်ခံစစ်စည်းထိပ်ကနေ stand byနေပြီး တိုက်စစ်အရှိန်အဟုန်မပျက်အောင် direct passingတွေ ၊through ballတွေနဲ.ရိုက်ထည့်ပေးပါတယ်။သူ.လို ကစားသမားတွေကို single pivotတွေလို.ခေါ်ပါတယ်။တစ်ယောက်တည်း pivotအဖြစ်ကစားလိုပါ။သူ.ကို နောက်တစ်ယောက်နဲ.double pivotအဖြစ်တွဲလိုက်ရင် ပြသနာရှိပါတယ်။အကြောင်းကသူ.အရည်အချင်းတွေအားလုံး မြုပ်သွားလို.ပါ။သူက ပြေးလွှားပြီးေ၇ှ.ကိုဘောလုံးသယ်ပေးမယ့်သူမဟုတ်ပါဘူး။သူ.ရဲ. ထိချက်တစ်ချက်ထည်းနဲ. တစ်လက်မမှမပြေးပဲေ၇ှ.ကို အရောက်ပေးမယ့်သူမို.လို.ပါ။မန်ယူအသင်းမှာ ကာရစ်ကို မထည့်ရဲတာ ဒါကြောင့်ပါပဲ။4-2-3-1သုံးတဲ.အသင်းမှာ နေရာသိပ်မရှိပဲ ဖြစ်သွားပါလိမ့်မယ်။ပေါ့ဘာနဲ.ကားရစ်ကို double pivotသုံးဖို.မော်ရင်ဟိုတော်တော်စွန်.စားရပါတယ်။အရေးမကြီးတဲ. ဖလားပွဲတွေမှာသာ စမ်းသုံးပါတယ်။အားသာချက်က တိုက်စစ်ဆင်ချိန်မှာ ပိုသွက်လာပါတယ်။ အားနည်းချက်က ပြိုင်ဘက်ရဲ. Counter attackကိုကြောက်ရပါတယ်။ပေါ့ဘာေ၇ှ.ကျွံနေချိန်နဲ.တစ်ယောက်တတ်ရင်တစ်ယောက်ဆင်းဆိုတဲ.double pivotရဲ.မူဝါဒတွေကြောင့် ပေါ့ဘာ တစ်ပွဲလုံးေ၇ှ.တက်နောက်ဆင်းဆော့ရတာမလွယ်ပါဘူး။လိုအပ်ရင်ကားရစ်တက်ဖို.လိုပါတယ်။ဘောလုံးပျက်သွားရင်လည်း အမြန်ဆုံးပြန်ဆင်းရပါမယ်။ကားရစ်လုပ်နိုင်ဖို.ဆိုတာ အသက်အရွယ်ကြောင့် အနည်းငယ်စဉ်းစားရပါတယ်။ဒီမေးခွန်းက ခံစစ်ကို အထူးပြင်ဆင်တဲ. မော်ရင်ဟိုအတွက် ကားရစ်ကိုမသုံးရဲတဲ. အကြောင်းပြချက်ပါပဲ။သူတို.က ခွန်အားသိပ်သုံးမှာမဟုတ်ပါဘူး။လျင်မြန်တဲ.အသင်းနဲ.တွေ.ရင် ဒုက္ခပါ။ဗာရက်တီလို ငယ်ဂုဏ်ရှိတဲ.ကစားသမားမျိုးက ချွင်းချက်ပေါ.။မတက်ရင်လည်းေ၇ှ.ကကစားသမားတွေအတွက် ခြေတစ်လှမ်းနောက်ကျစေပါတယ်။ကားရစ်ကို deep-lying playmakerမျိုးကိုတွဲသုံးဖို.လက်ရှိအချိန်မှာ 4-3-3ထက်ကောင်းတာဘာမှမရှိပါဘူး။မော်ရင်ဟို စွန့်စားကြည့်စေချင်ပါတယ်။

နောက်ဆုံးအနှစ်ချူပ်ရရင်  Double pivotဆိုတာ “one go on one stay”ပါပဲ။တစ်ယောက်ဆင်းရင်တစ်ယောက်တက်ပါ။midfielderအမျိုးအစားတွေအများကြီးထဲကမှ အဆင်ပြေအောင်တွဲတတ်ရပါတယ်။အရမ်းကောင်းတဲ.လူတွေချင်းလည်းတွဲလို.မရပါဘူး။အရမ်းperfectဖြစ်နေတဲ.လူချင်းတွဲသုံးခြင်းဟာလည်း အန္တရာယ်ရှိတဲ.အတွဲအဖက်ဖြစ်စေပါတယ်။နှစ်ယောက်လုံးလည်းေ၇ှ.ရောက်နေလို.မရပါဘူး။နားလည်မှုရှိရှိ တစ်ယောက်အားနည်းချက်ကို တစ်ယောက်အားသာချက်နဲ. ဖြည့်ပေးမှ double pivotအတွဲကောင်းဖြစ်တာပါ။နှစ်ယောက်ပေါင်းမှ ၁၀၀%ပြည့်တဲ.double pivotအတွဲတွေဟာ perfectဖြစ်နေတဲ.အတွဲတွေထက် ပိုသာပါတယ်။လောကကြီးမှာလည်း ဒီလိုပါပဲ။မပြည့်စုံတာအကြောင်းမဟုတ်ပါဘူး။တစ်ယောက်အားနည်းချက်တစ်ယောက်ဖြည့်ဖို.ပါ။

Football Techniques-Myanmar Page မှကူးယူဖော်ပြသည်။
Double Pivot Double Pivot Reviewed by Luis Zeno on November 21, 2017 Rating: 5

No comments:

Powered by Blogger.