Box to box ပြီးနောက် တစ်ဆက်တည်းလိုဖြစ်နေတဲ. “Makelele role”အကြောင်းပါသိသင့်တယ်ထင်လို.ရေးလိုက်ပါတယ်။ “Makelele role”ကို deep-lying midfielder or deep-lying playmaker ကြိုက်သလိုခေါ်လို.ရပါတယ်။ဘာလို. “Makelele role” လို.ခေါ်လဲဆိုတော့ ကစားသမားဘ၀အစောပိုင်းမှာ box to boxပုံစံ၊defensive midfielderဆန်ဆန် တွေကစားခဲ.ရပေမဲ. ချဲဆီးလ်အသင်းရောက်တဲ.အခါမှာ deep-lying playmakerဆိုတဲ.နေရာသစ်တစ်ခု သူ.အတွက်ပေါ်ခဲ.ပြီးအောင်မြင်မှုလည်းရခဲ.လို. ဂုဏ်ပြုတဲ.အနေနဲ.ခေါ်ကြတာပါ။ deep-lying playmakerဆိုတာနဲ. “Makelele role”လို.ကိုတွဲသိနေတာပါ။အဲ.လောက်ထိအောင်မြင်ခဲ.ပါတယ်။
ကွင်းလယ်ကစားသမားတစ်ယောက်ပါပဲ။သူကိုနေရာတော်၂များ၂မှာသုံးကြပါတယ်။4-2-3-1ဆိုကွင်းလယ်၂ယောက်တွဲထဲကတစ်ယောက်ပေါ့။4-1-4-1ဆို ခံစစ်လေးယောက်တည်းရှေ.ပေါ့။(ရှင်းမပြတော့ဘူး လူတိုင်းသိမယ်လို.ထင်ပါတယ်။သူ.positionကကွင်းလယ်မှာပါပဲ။)ကစားကွက်တော်၂များများမှာ သုံးလို.ရပါတယ်။တခြားကွင်းလယ်ကစားသမားတွေနဲ. မတူတဲ. အချက်က လုပ်အားနှုန်းထက် ဘောလုံးဦးနှောက်ကိုပိုသုံးရတာပါ။သူ.ရဲ. passing(ဘောလုံးပေးပို.မှုတစ်ခုက ဂိုးဖန်တီးမှုတစ်ခုလည်းဟုတ်သလို ပြိုင်ဘက်တိုက်စစ် အရှိန်(tempo)ကို သတ်ပစ်လိုက်တာလဲဖြစ်စေနိုင်ပါတယ်။ဘောလုံးပေးပို.မှုတိုင်းမှာ ရည်ရွယ်ချက်တွေအမြဲတမ်းပါနေတဲ.ကစားဟန်ပေါ့။
ဘယ်နေရာကိုပဲပေး၊ဘယ်လူကိုပဲပေးဆိုပြီး သူ.ကို ကန်.သတ်ချက်မထားထားပါဘူး။ကွင်းထဲမှာရှိတဲ. ကြိုက်တဲ.နေရာ၊ကြိုက်တဲ.လူကိုပေးပို.လို.ရပါတယ်။ဘယ်သူ.ကိုပေးသင့်တယ်ဆိုတာကတော. deep-lying midfiederရဲ.ဘောလုံးအမြင်ပဲဖြစ်ပြီး စိတ်ကြိုက်လှုပ်ရှားခွင့်ရှိပါတယ်။ပိတ်နေတဲ.ပြိုင်ဘက် ခံစစ်ကြောင်းကိုသူ.ရဲ.ဘောလုံးပေးပို.မှုတွေနဲ.လမ်းကြောင်းဖွင့်ပေးရပါတယ်။တစ်ခါတစ်ရံမှာ ကွင်းလယ်တိုက်စစ်ကစားတွေကိုတောင်တစ်ဆင့်မပေးပဲ တိုက်စစ်မှုးတွေရဲ. ပြေးလမ်းကြောင်းထဲကိုတိုက်ရိုက်လည်းပေးပို.ပါတယ်။ deep-lying playmakerရဲ.အဓိကကျတဲ.အချက်တစ်ချက် က passing accuracy(ပေးပို.မှုတိကျမှန်ကန်ခြင်း)နဲ.ဘောလုံးပေးပို.မှုတွေဟာ လုံးဝမမှားဖို.ပါ။လူပေးမှားတာမျိုးတွေလုပ်လို.မရပါဘူး။တိုက်စစ်ဆင်ချိန်မှာလည်း အသင်းကဂိုးလိုနေပြီဆို နောက်ကနေသူ.ရဲ.passingတွေနဲ.တရစပ် တိုက်ဆင်စစ်ပါတယ်။ကိုယ်အသင်းကနိုင်နေပြီဆိုရင်လည်း ဘောလုံးကိုကိုင်ထားပြီး ပြိုင်ဘက်တိုက်စစ်ကိုအားပျော.သွားအောင် short pass(အနီးကပ်ပေးပို.မှု)၊long pass(အဝေး) တွေနဲ.ထိန်းပေးတတ်ကြပါတယ်။တစ်ခါတစ်ရံမှာလည်း ကစားကွက်ကိုပုံဖော်ပေးရပါတယ်။တောင်ပံကစားသမားတွေသူ.နေရာမှသူနေပြီး တိုက်စစ်မှုးတွေကိုဖန်တီးပေးနိုင်အောင်သူ.အလုပ်သူလုပ်နိုင်အောင် ကစားကွက်ကို ပုံဖော်ပေးရပါတယ်။မဟုတ်ရင် တိုက်ဆင်ကစားသမားတွေက ဘောလုံးရဖို.အတွက်ဆင်းယူကြရလို. နေရာယူပုံတွေလွဲပြီး ကစားကွက်က ပုံမပေါ်တော့ပါဘူး။ရံဖန်ရံခါမှာတော့ တိုက်စစ်မှုးတွေရဲ.ပြေးလမ်းကြောင်းထဲကိုတိုက်ရိုက်မျှောချပေးကြပါတယ်။တစ်ခါတစ်လေ box to boxကစားသမားက deep-lying midfielder ဘေးနားမှာ ရံပြီးကစားပေးတတ်သလို defensive midfederတွေလည်းရံပြီးကစားပေးကြပါတယ်။တစ်ခါတစ်လေတော.တစ်ယောက်တည်းကစားတတ်ပါတယ်။
ရီးရဲယ် နဲ. တီကို ဖိုင်နယ်မှာတွေ.တော့ အကောင်းဆုံးကစားသမားက ကရူစ်းဖြစ်ပြီး ဂိုးသွင်းခွင့်ရအောင်တိုက်စစ်လမ်းကြောင်းဖွင့်ပေးသလို ဂိုးရပြီးချိန်မှာလည်းpassingတွေနဲ.ထိန်းသွားပါတယ်။(ဒီနေရာမှာ ကျွန်တော်အကြံပြုချင်တာက ဘယ်သူကbox to boxမဟုတ်ဘူးလား။ဘယ်သူကdeep-lying playmaker မဟုတ်ဘူးလားမေးမနေပါနဲ.။သူဆော.တဲ.နေရာ ဆော.တဲ.ကစားဟန်ကိုပဲကြည့်ပြီး ဆုံးဖြတ်ပါ။အရင်က ဖယ်လိုင်နီbox to boxဆော.လဲ ခု defensive midfielderနေရာရောက်နေရင် defensive midfielderပါပဲ။ဖာနန်ဒင်ဟို အလယ်တန်းရောက်ရင် deep-lying midfielderဖြစ်ပြီး စတုန်းနဲ.တွဲပေးရင် liberoပါပဲ။)
ထင်သာမြင်သာရှိတဲ. deep-lying midfielderစစ်စစ်တွေကတော့ ဘက်စကွတ်စ်၊အလွန်ဆို၊ပေါလ်စခိုလ်း၊ကာရစ်၊ပီယာလို၊မာခီလေလီ၊ယာဗီးမာတီနက်ဇ်၊တိုနီကရူစ်း၊ဗာရက်တီ နောက်ပိုင်းမှာ ဖိလစ်လမ်း၊ဂျရတ်တို.အာတီတာတို.လဲ deep-lying midfielder နေရာပြောင်းပြီးဆော.ခဲ.ပါတယ်။ချဲလ်ဆီးမှာလည်း ကန်တေကို deep-lying midfielderအဖြစ်သုံးနေပါတယ်။ဖာနန်ဒင်ဟိုကိုလည်းpepပြန်သုံးတာတွေ.ရပါတယ်။ကန်တေကို ကွန်တီအသုံးပြုပုံကိုစိတ်ဝင်စားမိပြီး လက်စတာမှာ box to box ဆော့ပေမဲ. ကွန်တီရဲ. 4-1-4-1ကစားကွက်မှာ deep-lying midfiederအဖြစ်ပြောင်းသုံးပါတယ်။ကန်တေ ဟာ မာခီလေလီနဲ.ကစားပေါက်ဆင်ပါတယ်။box to boxလို defensive midfielderလိုနေရာကနေ ပြောင်းဆော့ရတာချင်းလည်းတူပါတယ်။ဒုတိယ မာခီလေလီဖြစ်လာမလား စောင့်ကြည်.ရင်း…….
Football Techniques-Myanmar Page မှကူးယူဖော်ပြသည်။
Makelele role သို.မဟုတ် deep-lying midfielder
Reviewed by Luis Zeno
on
November 14, 2017
Rating:

No comments: