test

မော်ဒန်ဘောလုံးလောက နဲ. ကြံ.ခိုင်မှုပြသနာ



မျက်မှောက်ခေတ် ဘောလုံးပွဲတွေဟာ ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်လာသလို ပိုပြီးလည်း မြန်ဆန်လာကြပါတယ်။ ပရီးမီးယားလိဂ်လို မြန်နှုန်းမြင့် ပြိုင်ပွဲတွေက သက်သေပါ။ ဒီလိုပဲ ကစားသမားတစ်ယောက်ချင်းစီဟာ သူတို.ရဲ. ကြံ.ခိုင်မှုကို အကောင်းဆုံးတည်ဆောက်ထားနိုင်ဖို.လိုလာပါတယ်။ နည်းပြတွေဟာလည်း ကြံ.ခိုင်မှုစိတ်မချရတဲ. ကစားသမားတွေကို စွန်.စားပြီး အသုံးပြုဖို. ၀န်လေးလာသလို ကစားသမားတွေဘက်ကလည်း ခြေစွမ်းကောင်းနေရုံနဲ. နေရာရမယ်လို. မထင်ရဲတော့ပဲ ကြံ.ခိုင်မှုကိုပါ ပိုပြီးအလေးထားလာကြပါတယ်။ တစ်ရာသီလုံးယှဉ်ပြိုင်ရတဲ. လိဂ်ပြိုင်ပွဲတွေ၊ အသည်းပေါက်အောင် ကစားရတဲ. မိနစ်ကိုးဆယ် ရှုံးထွက်ဖလားလုပွဲတွေကြောင့်ကစားသမားတွေ ကြံ.ခိုင်မှု(stamina)ကောင်းကောင်းတည်ဆောက်ထားနိုင်လေ အသင်းဟန်ချက်ညီလေ ဆိုတာမျိုး အသင်းတိုင်းက သဘောပေါက်လာကြတာပါ။

တကယ်တော့ မိနစ်ကိုးဆယ်စာ ပွဲတစ်ပွဲကစားဖို.အတွက် ကစားသမားတစ်ယောက်ပျှမ်းမျှပြေးရတဲ. အကွာအဝေးက ၁၀ကီလိုမီတာပါ။ ဒီအကွာအဝေးကို မမောမပန်းတမ်းကစားနိုင်ဖို.လိုပါတယ်။ ဒီလိုကစားဖို.အတွက် ကစားသမားတွေဟာ လေ့ကျင့်ခန်းအစီအစဉ်တွေနဲ. Gymတွေမှာ အားစိုက်ပြီးလေ့ကျင့်ကြရပါတယ်။ ကြံ.ခိုင်မှုနဲ. ပတ်သတ်ပြီး ဟော်လန်လူမျိုး နည်းပြဂူဟစ်ဒင့် ပြန်ပြောပြခဲ.တာလည်း အမှတ်စရာပါ။ သူက 2002ခုနှစ်မှာ တောင်ကိုရီးယားအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ.သူပါ။ သူကိုင်တွယ်စဉ်မှာ ကြုံရတာက တောင်ကိုးရီးယားကစားသမားတွေရဲ. ကြံ.ခိုင်မှုအားနည်းခြင်း ပြဿနာဖြစ်ပါတယ်။ အဲ.ဒီတုန်းကသူပြောခဲ.တာက “ကျွန်တော့်ကစားသမားတွေဟာ မိနစ်60ကျော်တာနဲ. မောပန်းနေကြပြီလို.” ငြီးတွားခဲ.တာပါ။ ဒီပြဿနာကို ဖြေရှင်းဖို.အတွက် ဟစ်ဒင့်က ရေမွန်ဗာဟိုင်ဂျန်ကို ခေါ်ခဲ.ပါတယ်။ ရေမွန်ဗာဟိုင်ဂျန်ကနှယ်နှယ်ရရတော့မဟုတ်ပါဘူး။

အခုWorld Football Academyရဲ. Co-founderပါ။ “ကစားသမားရဲ. ကြံ.ခိုင်မှုကို ခန်.မှန်းခြင်း”လက်စွဲစာအုပ်ကို ရေးသားခဲ.သူဖြစ်ပြီး နောက်ပိုင်းမှာကလပ်အသင်းများစွာအတွက်ရော ကစာသမားတစ်ဦးချင်းစီတွေရဲ. Training methodကို ရေးဆွဲပေးတဲ.သူပါ။ ယူနိုက်တက်ကို မိုရက်စ်ကိုင်တွယ်ချိန်မှာ ဗန်ပါစီရဲ. ကြံ.ခိုင်မှုအတွက် Pre-season training ရေးဆွဲပေးခဲ.ဘူးတဲ.သူလည်းဖြစ်ပါတယ်။ ရော်ဘင်၊ဘယ်လာမီ၊ဂယ်ရီစပိဒ်တို.အပါအ၀င် လက်ရှိလီဗာပူလ်းနည်းပြကလောပ့်ရဲ. နည်းဗျူဟာ High pressingအတွက် ဒေါ့မွန်မှာတည်းက လက်တွဲခဲ.သူလည်းဖြစ်ပါတယ်။ ဒါကြောင့်သူဟာ အတွေ.အကြုံရင့်Fitness Trainerတစ်ယောက်လို.ပြောလို.ရပါတယ်။ဟစ်ဒင့်နဲ. စတွေ.ခဲ.ပုံကို ပြန်ပြောခဲ.တာက “ကျွန်တော် ကိုရီးယားအသင်းရဲ. လေ.ကျင့်ရေးကွင်းကို ပထမဦးဆုံးသွားကြည့်ပါတယ်။ သူတို.ရဲ. လေ့ကျင့်ခန်းအစီအစဉ်တွေမှာ သူတို.ရဲ. စွမ်းဆောင်ရည်က အကောင်းဆုံးမှာ ရှိနေပါတယ်။ ဒါ အိုကေနေတာပဲ ဘာပြဿနာရှိလို.လဲလို. ဟစ်ဒင့်ကိုမေးလိုက်ပါတယ်။ ဟစ်ဒင့် ပြန်ပြောတာက “ခြေစမ်းပွဲတစ်ပွဲကစားတာ ကြည့်ပြီးမှ မင်းပြောပါလို.” ကျွန်တော့်ကို ပြန်ပြောခဲ.ပါတယ်။ နောက်နေ.ခြေစမ်းပွဲတစ်ပွဲ ကစားပြီးချိန်မှာတော့ ကျွန်တော် ဟစ်ဒင့်ပြောတာကို နားလည်လိုက်ပါတယ်။ တောင်ကိုရီးယား ကစားသမားတွေက မိနစ်60အတွင်းမှာ ကြံ.ခိုင်မှု ကောင်းကောင်းနဲ. အခွင့်အရေးတွေ ဖန်တီး နိုင်ပေမဲ. ကျန်တဲ. မိနစ်သုံးဆယ်မှာတော့ သူတို. မဟုတ်တော့တဲ.အတိုင် စွမ်းဆောင်ရည်ရုတ်တရက်ကျသွားတာပါ။ ကျန်တဲ.မိနစ်သုံးဆယ်မှာ ပြိုင်ဘက် ပြုသမျှနုနေရပါရတယ်။ဒီပြဿနာကို ဖြေရှင်းဖို.အတွက် ကျွန်တော် Training methodကို ပြန်ရေးဆွဲပေးခဲ.၇တယ်လို.” ရေမွန်က ဆိုပါတယ်။ 2002 World Cupမှာတောင်ကိုရီးယားအသင်းရဲ. ကစားသမားတွေဟာ တစ်ဦးချင်းမထူးချွန်ကြပေမဲ. ပြိုင်ဘက်လုပ်အားနှုန်းကောင်းကောင်းနဲ. ကစားနိုင်ခဲ.ပြီး ဆီမီးဖိုင်နယ်အထိရောက်ခဲ.ပါတယ်။ ဒါဟာ ကြံ.ခိုင်မှုကောင်းခြင်းရဲ. အကျိုးရလာဒ်ကို တောင်ကိုရီးယားခံစားခဲ.ရတာဆိုရင်လည်းမမှားပါဘူး။

လက်ရှိ ပရီးမီးယားလိဂ်အသင်းတွေမှာလည်း ကြံ.ခိုင်မှုအသားပေးလေ့ကျင့်ခန်းအစီအစဉ်တွေကို ပို အလေးထားလာကြပြီး ဒီထဲမှာမှ မန်စီးတီးအသင်းရဲ. လေ့ကျင့်ခန်းအစီအစဉ်တွေက နာမည်ကြီးပါတယ်။ ဘောလုံးကို ပြေးအား80%တင်ပြီး ကွင်းဘေးစည်းမျဉ်းကနေ ဆွဲလာခိုင်းကာ ကွင်းလယ်စည်းရောက်တာနဲ. ဘောလုံးကို ထားခဲ.ခိုင်းပြီး နောက်ကိုပြန်ပြေးခိုင်းပါတယ်။ ပြီးရင်ဘောလုံးရှိရာကို ပြန်ပြေးရပြီး စမှတ်ကို ဘောလုံးနဲ.အတူအရောက်ပြန်သွားရပါတယ်။ ဒီလေ့ကျင့်ခန်းအတွက် တစ်ခေါက်ကြာချိန်က 90စက္ကန်.သတ်မှတ်ထားတာဖြစ်ပြီး တစ်ခေါက်ကိုနှစ်ကြိမ်နဲ.ခြောက်ကြိမ်ပြည့်အောင်ပြုလုပ်ရတာပါ။ ရည်ရွယ်ချက်ကတော့ မြန်နှုန်းမြင့်ပြေးအားနဲ. ဘောလုံးဆွဲပြေးမှုအတွက်လို.ဆိုပါတယ်။


မန်စီးတီးအသင်းရဲ. နောက်ထပ်လေ့ကျင့်ခန်းအစီအစဉ်တွေထဲမှာ အားပိုစိုက်ရတဲ.သဲသောင်ပြင် ကစားနည်းတွေပါ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းရဲ.ထူးထူးခြားခြားအစီအစဉ်တစ်ခုကတော့ လေ့ကျင့်ခန်းအစီအစဉ်ပြီးချိန် ဒါမှမဟုတ် ပွဲကစားလို.ပြီးချိန်တိုင်းမှာ ရေတိုင်ကီထဲဝင်ပြီး ရေစိမ်ခိုင်းခြင်းပါ။ အပူချိန် 60ဒီဂရီဖာရင်ဟိုက်ရှိတဲ. ရေတိုင်ကီထဲမှာအနည်းဆုံး5မိနစ်စိမ်တာနဲ. နောက်လေးရက်လောက်အထိ ကြွက်သားရောင်ရမ်းခြင်း၊အလွယ်တကူ ကြွက်သားဒဏ်ရာဖြစ်ခြင်းတို.ကို ဟန်.တားနိုင်တယ်လို.ဆိုပါတယ်။ ဒီအကြံကိုပေးခဲ.သူက အားကစားဆေးသိပ္ပံပညာရှင် ဒေါက်တာခရစ်ဘယ်ကလီပါ။ မနှစ်ကရလာဒ်ကောင်းခဲ.တဲ. စပါးနည်းပြပိုချက်တီနိုကလည်း သူ.အသင်းသားတွေကို ဘောလုံးမပါပဲ ကြံ.ခိုင်မှုအသားပေးလေ့ကျင့်ခန်းအတွက် သက်သက် အချိန်ပေးပြီး လုပ်စေတယ်လို. ဖွင့်ဟထားပါတယ်။ ဒါပေမဲ.ကလပ်အသင်းအများစုက ကြံ.ခိုင်မှုအသားပေးလေ့ကျင်.ခန်းကို ပွဲကစားဖို.2ရက်လောက်အလိုတည်းက ရှောင်ရှားကြပါတယ်။ မလိုအပ်ပဲ ဒဏ်ရာပြဿနာဖြစ်စေလို.ပါ။


ကြံ.ခိုင်မှုအတွက်လေ့ကျင့်ခန်းတွေသာမက အစားအသောက်ပိုင်းကိုပါ ကလပ်အသင်းတာဝန်ရှိသူတွေက ဂရုစိုက်လာကြပါတယ်။ ကိုကာကိုလာလို အားဖြည့်အချိုရည်တွေ၊သကြားပါတဲ.အစားအစာ၊ပီဇာ၊စတဲ. အစားအစာတွေကို တားမြစ်ထားပြီး ဒီအစားအစာတွေဟာ ၀ိတ်အလွယ်တကူတက်စေပြီး ဒဏ်ရာဖြစ်လွယ်လိုလို။ ဆိုကြပါတယ်။ လက်ရှိမော်ဒန်ဘောလုံးကရေစီးကြောင်းဟာ အပြောင်းအလဲတွေမြန်လာသလို ကစားသမားတွေရဲ. တာဝန်ယူမှုအပိုင်းတွေ စွမ်ဆောင်ရည်တွေကိုလည်း တောင်းဆိုမှုတွေမြင့်လာပါတယ်။ မိနစ်90လုံး ကစားအားမလျှော့မှသာ အမှတ်ရမယ့်ပွဲမျိုးတွေလည်းများလာပါတယ်။ ဒါကြောင့်ကစားသမားတစ်ဦးချင်းစီရဲ. ကြံ.ခိုင်မှုအတွက် အသင်းတွေက အထူးဂရုစိုက်လာကြပြီး အားကစားနယ်ပယ်နဲ. ဆေးသိပ္ပံမစိမ်းတော့ပဲ ဒီထက်ပိုပြီးအတူတကွ ပူးပေါင်းလာကြဖို.ရှိပါတယ်။

Football techniques -myanmar page မှကူးယူဖော်ပြသည်။
မော်ဒန်ဘောလုံးလောက နဲ. ကြံ.ခိုင်မှုပြသနာ မော်ဒန်ဘောလုံးလောက နဲ. ကြံ.ခိုင်မှုပြသနာ Reviewed by Luis Zeno on November 11, 2017 Rating: 5

No comments:

Powered by Blogger.