test

သမိုင်းတစ်ကျော့လည်ချိန်


"သမိုင်းတစ်ကျော့လည်ချိန်"

သမိုင်းတို. ခေတ်တို.ဆိုတာ တစ်ကျော့ပြန်လည်တတ်တယ်ဆိုတဲ. စကားကြားဖူးမှာပါ။ ဆံပင်ပုံစံ အ၀တ်အစားဝတ်ကြတဲ.ပုံစံ စတာတွေက တစ်ကျော့ပြန် ခေတ်စားတတ်ပါတယ်။ ဒါတွေကို တိုက်ဆိုင်မှုလို.ပဲဆိုဆို သမိုင်းဘီးတစ်ပတ်လည်ချိန်လို.ပဲဆိုဆို ကြိုက်သလိုသတ်မှတ်လို.ရပါတယ်။ ကျွန်တော်ပြောချင်တဲ. သမိုင်းတစ်ကျော့လည်ချိန်ဆိုတာ ဒီလိုမျိုးပါ။

ဒုတိယကမ္ဘာစစ်မဖြစ်မီကာလတုန်းက ဘောလုံးလောကမှာ  နောက်တန်3းယောက်ထားပြီးကစားတဲ. ကစားကွက်ဟာ အသင်းတွေကြားမှာ ရေပန်းစားလာတယ်။ ဘောလုံးဘိုးအေလို.ပြောရမယ့် အင်္ဂလန်နဲ. စကော့တွေဆီမှာဆိုပိုမှန်လိမ်.မယ်။ 3backsခေတ်မစားချိန်က ဗြိတိန်မှာ နာမည်အကြီးဆုံးကစားကွက်က 2-3-5ပါ။  full back player ၂ယောက်၊ Half-back player ၃ယောက်၊  forward player ၅ယောက်ထားတဲ.ပုံစံပါ။ ဒီကစားကွက်နဲ.နာမည်ကျော်တဲ.အသင်းက Preston North Endအသင်း။ ရှုံးပွဲမရှိဘဲ FAဖလားကိုရခဲ.တာပါ။ ဒါပေမဲ. ဒီကစားကွက်ရဲ. အချိုးအကွေ.တစ်ခုက မထင်မှတ်ပဲရောက်လာတယ်။ အဲ.ဒါကတော့ 1925မှာ FAအဖွဲ..ချူပ်ကနေ လူကျွံဘောဥပဒေကို ပြဌာန်းလိုက်တာပါပဲ။ လူကျွံဘောဥပဒေကြောင့် ရှေ.တန်းမှာ တိုက်စစ်မှုး ၅ယောက်လောက်ထားကစားဖို. အခက်အခဲရှိလာပါတယ်။ ဒါကြောင့်ပဲ အသင်းတွေဟာ သူတို.ရဲ. ကစားကွက်ကို ပြန်ပြင်ဆင်ဖို. ကြိုးစားကြရပါတယ်။ အဲ.ဒီအချိန်က အာဆင်နယ်အသင်းမှာ  နည်းပြနေသူ ဟာလ်းဘတ်ချပ်မန်းဆိုတဲ.တစ်ယောက်က 3-3-4ကစားကွက်ကိုဖန်တီးပြခဲ.ပါတယ်။ ဒီကစားကွက်နဲ.ပဲ အာဆင်နယ်အသင်း လိဂ်ဖလားရခဲ.ပါတယ်။ ဒီကစားကွက်ကို WM ကစားကွက်လို.လည်း လူသိများခဲ.ကြပါတယ်။ ထူးဆန်းတာက အဲ.ဒီခေတ်က 3backsကို လူကြိုက်များအောင် ဖန်တီးခဲ.တာက လန်ဒန်ကလပ်အသင်းတစ်သင်းဖြစ်နေတာပါပဲ။ နောက်တစ်ချက်ကတော့ ဒီကစားကွက် နာမည်ကြီးချိန်ဟာ 1930ကျော်ကာလတွေဖြစ်နေတာပါ။ ဒီကာလဟာ ဒုတိယကမ္ဘာစစ်ဖြစ်ဖို.အားကောင်းနေချိန်ဖြစ်ပြီး 1939မှာမှ ကမ္ဘာစစ်ကြီးတကယ်ဖြစ်တာဆိုပေမဲ. အဲ.ဒီနှစ်အစောပိုင်းကာလတွေတည်းကစစ်ရေး ပြဿနာတွေရှုပ်ထွေးနေတာပါပဲ။ ဒါကြောင့် 3backsကစားကွက်တွဟာ ဒုတိယကမ္ဘာစစ်နဲ. အရမ်းနီးကပ်တဲ.နှစ်အပိုင်းအခြားမှာ နာမည်ကြီးလာတာဆိုရင်လည်းမမှားပါဘူး။ နောက်ထပ်ထူးခြားချက်က အဲ.ဒီအချိန်က အာဆင်နယ်အသင်းသုံးခဲ.တဲ. 3-3-4နောက်ပိုင်3း-2-2-3ကစားကွက်ဟာ အခု ခေတ်စားနေတဲ. 3-4-3ရဲ. မူရင်းကစားကွက်ပါပဲ။

ထို.အတူ အခုလည်း လန်ဒန်ကလပ်အသင်း တစ်သင်းဖြစ်တဲ. ချဲလ်ဆီးရဲ. 3-4-3ပြန်လည်ခေါင်းထောင်လာခြင်းနဲ.အတူ 3backsကိုဗြိတိန်မှာ ပေါ်ပြူလာဖြစ်အောင် ပြန်ဖန်တီးပြန်ပါတယ်။ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ နာမည်ကြီးခဲ.တဲ. လန်ဒန်ကလပ် အာဆင်နယ်အသင်းလိုပဲ အခုလည်း နောက်ထပ်လန်ဒန်ကလပ်အသင်းဖြစ်တဲ. ချဲလ်ဆီးက  3backsနဲ. ဖလား၇ခဲ.တာပါ။ ဒါဟာတိုက်ဆိုင်မှုလား။ သမိုင်းတစ်ကျော့လည်ချိန်လား။ ကမ္ဘာစစ်အတွက် အချက်ပေးခေါင်းလောင်းသံလားဆိုတာ ခင်ဗျားထင်ချင်သလိုထင်လို.ရပါတယ်။

world war 2ဖြစ်တော့ အဲ.ဒီအချိန်က ယောင်္ကျားလေးအများစုရဲ. ဆံပင်ပုံစံက ဘေးခွဲ(ဘိုကေ)ဖြစ်သတဲ.။ ဒါကို ကမ္ဘာစစ်တုန်းက ဗီဒီယိုဖိုင်တွေ၊ဓာတ်ပုံတွေနဲ. ယခုပြန်လည်ရုပ်ရှင်ရိုက်ကူးထားတဲ. သရုပ်ဆောင်တွေရဲ. ပုံစံကိုပြန်ကြည့်ရင်သိနိုင်ပါတယ်။ ယခုလည်း ဘိုကေ (ယခုအခေါ်အဝေါ် under cut)တွေခေတ်စားနေပြန်ပါတယ်။ နောက်တစ်ခုကတော့ ရုပ်ဝါဒီတွေအားကောင်းလာချိန်မှာ ကမ္ဘာစစ်ဖြစ်ချိန် ထပ်တူကျပါတယ်။ ယခုလည်းဒီမိုကရေစီနိုင်ငံတွေရဲ. ရပ်တည်မှုကို လူတွေယုံကြည်မှုကျဆင်းလာချိန် ကွန်မြူနစ်နိုင်ငံတွေ ထိပ်တန်းရောက်လာချိန်ဟာ ဒုတိယကမ္ဘာစစ်ရဲ. အခင်းအကျင်းနဲ. တူနေပြန်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အဲ.ဒီအချိန်က ယောင်္ကျားလေးအများစု ကြိုက်တဲ. မိန်းကလေးပုံစံက ဖွံ.ဖွံ.ထွားထွားခန္ဒာကိုယ်ရှိတဲ. မိန်းကလေးတွေကို ကြိုက်တာပါပဲ။ ဒီအကြောင်းတွေကို စာပေတွေမှာတွေ.နိုင်ပါတယ်။ ဥပမာ-ရွှေဥဒေါင်း၊မင်းသိင်္ခတို.ရဲ. ဒုတိယကမ္ဘာစစ်နောက်ခံဇာတ်လမ်းတွေမှာ လှပသော မိန်းကလေးကို ညွှန်းဆိုရင် ဖွံ.ဖွံ.ထွားထွားရေဆေးငါး၊ ခါးသေးရင်ချီ၊ စတဲ. အသုံးအနှုန်းတွေကို တွေ.ရပါတယ်။ ယခုလည်း ယောင်္ကျားလေးကြားမှာရေပန်းစားလူကြိုက်များနေတဲ. မော်ဒယ်၊မင်းသမီးတွေက ပိန်ပိန်ပါးပါးလေးတွေမဟုတ်ပါဘူး။

အရာအားလုံးဟာ တကျော့ပြန်လာတတ်တာ ထုံးစံပါပဲ။ လောကကြီးဟာ အလှည့်ပေးနိယာမနဲ. လည်ပတ်ပါတယ်။ စမှတ်တစ်ခုဟာ တစ်ပတ်ပြည့်ချိန်မှာ သူရောက်ဖူးတဲ.နေရာကို တစ်ကျော့ပြန်ရောက်ပါသတဲ.။ ဘီးတစ်ဘီးလည်သလို တစ်ကွေ.မဟုတ်တစ်ကွေ. ပြန်တွေ.ကြရတာပါပဲ။ ဖြစ်ရပ်တစ်ခုဟာ နောက်တစ်ကြိမ်ထပ်ဖြစ်ဖို.အတွက် ပျမ်းမျှအားဖြင့် 126နှစ်ကြာတတ်တယ်လို.ဆိုပါတယ်။ အဲ.လိုကြုံရဖို.အတွက် အရင်က ဖြစ်ရပ်တွေနဲ. လက်ရှိဖြစ်ရပ်တွေ အကုန်လုံးနီးပါးထပ်တူကြဖို.လိုပါတယ်။ ကျွန်တော်ပြောတဲ. တိုက်ဆိုင်မှုတွေဟာ ခင်ဗျားတို.အတွက်စဉ်းစားစရာတစ်ခုလောက်ဖြစ်ခဲ.ရင် ဒီစာရေးရတာကျေနပ်ပါပြီ။ သမိုင်းတစ်ကျော့လည်ဦးမှာလား?

Credit M2O
Football Techniques
သမိုင်းတစ်ကျော့လည်ချိန် သမိုင်းတစ်ကျော့လည်ချိန် Reviewed by Luis Zeno on November 06, 2017 Rating: 5

No comments:

Powered by Blogger.